Connect with us

Social

သံတမန်ဆက်ဆံရေးထက် ပိုလွန်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထိန်းသိမ်း အားဖြည့်သွားမည် ဟု ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ပြော

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင် ပါတီဥက္ကဋ္ဌ ဦးသန်းဌေး အဖွင့် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံအား သံတမန် ဆက်ဆံရေးထက် ပိုလွန်သည့် ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်း အားဖြည့် သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီ ဌာနချုပ်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပါတီ အနေနဲ့သော်လည်းကောင်း၊ ပြည်ထောင်စု သမ္မတနိုင်ငံသူ နိုင်ငံသားများ အနေနဲ့သော်လည်းကောင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ဆက်ဆံရာမှာ သံတမန်ဆက်ဆံရေး ထက် ပိုလွန်တဲ့ ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ထူထောင် ထိန်းသိမ်း အားဖြည့် သွားဖို့ ဆန္ဒ ရှိကြပါတယ်” ဟု ယနေ့ညနေ ပိုင်း ပြုလုပ်ခဲ့သော ပြည်ခိုင်ဖြိုးပါတီ၏ တရုတ်ဘာသာစကား သင်တန်း ဆင်းပွဲတွင် ၎င်းက ပြောခဲ့ခြင်းဖြစ်သည်။

တရုတ်ဘာသာစကား သင်တန်း ဆင်းပွဲတွင် တရုတ်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

ပြီးခဲံသည့် ခြောက်လတာ ကျင်းပခဲ့သည့် ယခု သင်တန်းအပါအဝင် နောင် ထပ်မံ ဖွင့်လှစ်မည့် သင်တန်းများက မွေးထုတ်လိုက်မည့် တရုတ်ဘာသာစကား ကျွမ်းကျင် တတ်မြောက်သူများသည် တရုတ် – မြန်မာ နှစ်နိုင်ငံ ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးတွင် ထိရောက်သည့် ပေါင်းကူး ဆက်ဆံ သူများ၊ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်သူများ ဖြစ်လာကြမှာ ဖြစ်ကြောင်းလည်း ၎င်းက ပြောခဲ့ သည်။

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် “ဒီနေ့ ကမ္ဘာမှာ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ နည်းပညာ စတဲ့ မျက်နှာစာ ပေါင်းစုံမှာ ထိပ်တန်းကို ရောက်နေတဲ့ နိုင်ငံကြီးတစ်ခုရဲ့ ဘာသာစကားဟာ မကြာခင် ကမ္ဘာကို လွှမ်းမယ်ဆိုတဲ့ အချက်ကို မျက်ကွယ် ပြုလို့မရသလို တရုတ်ဘာသာစကား တတ်ကျွမ်းထားခြင်းဟာလည်း နှစ်ဦး နှစ်ဘက် အပြန်အလှန် အကျိုးရှိစေမယ့် ကိစ္စတစ်ရပ်အဖြစ် နားလည် လက်ခံရမှာဖြစ်ပါတယ်” ဟုလည်း ပြည်ခိုင်ဖြိုး ဥက္ကဋ္ဌက ပြောခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင်အားတွေ့ရစဉ် (ဆင်ဟွာ)

အဆိုပါ သင်တန်းဆင်းပွဲသို့ ကြွရောက်ချီးမြှင့်သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်းလျန်က “တရုတ်သံရုံး အနေနဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ပြီး တရုတ်ဘာသာစကား သင်တန်းများ ဆက်လက် ဖွင့်ပေးသွားပါမယ်၊ တရုတ်ဘာသာစကား သင်ယူခြင်းဖြင့် ပြည်ခိုင်ဖြိုးပါတီဝင်များ တရုတ်နိုင်ငံ အကြောင်း ပိုမိုသိရှိနားလည်လာပြီး တရုတ် – မြန်မာ ဆွေမျိုး ပေါက်ဖော် ချစ်ကြည်ရေးကို ပိုမို နက်ရှိုင်းလာစေမယ်လို့ ယုံကြည်ပါတယ်” ဟုပြောခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင်အားတွေ့ရစဉ် (ဆင်ဟွာ)

ပြည်ခိုင်ဖြိုးပါတီ တရုတ်ဘာသာစကားသင်တန်းဆင်းပွဲတွင်အားတွေ့ရစဉ် (ဆင်ဟွာ)

နှစ်နိုင်ငံအားကစား၊နိုင်ငံရေး၊ စီးပွားကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု စသည့် ကဏ္ဍ အသီးသီး တို့တွင် ပူးပေါင်း ဆောင်ရွက်မှုများ ပိုမို နက်ရှိုင်း တိုးပွားလာသည့် အလျောက် မြန်မာ နိုင်ငံတွင် တရုတ်ဘာသာ စကား သင်ယူမှု ပိုပြီး ခေတ်စားလာကြောင်း၊ ယခု သင်တန်းအပြင် တရုတ် နိုင်ငံ သံရုံးသည် မြန်မာဘက်က တောင်းဆိုချက်အရ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာနတို့တွင် တရုတ်ဘာသာ စကား သင်တန်း များ ဖွင့်လှစ်ပေးခဲံ့သည့်အပြင် သက်ဆိုင်ရာ ထူးချွန် သင်တန်းသား သင်တန်းသူများကိုလည်း ပညာတော်သင်ဆု ပေးအပ်၍ တရုတ်နိုင်ငံသို့ ပညာတော်သင် စေလွှတ်ခဲ့ကြောင်း၊ လက်ရှိ တွင် ရန်ကုန်နှင့် မန္တလေးရှိ တက္ကသိုလ် အချို့တို့၌ တရုတ်ဘာသာစကား သင်ခန်းစာများ ထည့်သွင်း လာကြောင်း၊ ဘာသာစကား နှစ်မျိုး တတ်ကျွမ်း ထူးချွန်သူများသည် နှစ်နိုင်ငံ၏ ကဏ္ဍ အသီးသီး ကူးလူး ဆက်ဆံ ပူးပေါင်းဆောင်ရွက်ခြင်းအတွက် အဓိက အင်အားတစ်ရပ် ဖြစ်လာပြီး တရုတ် – မြန်မာ ချစ်ကြည်ရေး ခိုင်မြဲစွာ ဖွံ့ဖြိုး တိုးတက်ရေးအတွက်လည်း ကြားခံ အင်အား ဖြစ်လာမည်ဟု ယုံကြည်ပါကြောင်း သံအမတ်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

သင်တန်းဆင်းပွဲသို့ တရုတ်နိုင်ငံ သံအမတ်ကြီးနှင့် သံရုံး အဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုး ပါတီဌာနချုပ်မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သင်တန်း နည်းပြများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြပြီး သံအမတ်ကြီးနှင့် ပါတီ ဥက္ကဋ္ဌတို့က ထူးချွန် သင်တန်းသူ / သားများအား ဆုချှီးမြှင့်ခြင်း၊ သင်တန်းသူ / သားများအတွက် ဘာသာစကား စာအုပ်များ ပေးအပ်ခြင်း၊ ဂုဏ်ပြု လက်ဆောင်များ အပြန်အလှန် ပေးအပ်ခြင်း၊ သင်တန်းသူ / သားများက ချစ်ကြည်ရေး သီချင်းဖြင့် လည်းကောင်း၊ ဝူရှူး အကဖြင့်လည်းကောင်း သီဆို ကပြခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ (Xinhua)