Connect with us

Social

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ နှင့် စီမံကိန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကျင်းပ

မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ နှင့် စီမံကိန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ ပင်လယ်ရပ်ခြား စီးပွားရေး လုပ်ငန်းရှင်များ အဖွဲ့ချုပ်(CFOCE) မှ ကြီးမှု ကျင်းပ သည့် မြန်မာ-တရုတ် ရင်းနှီးမြှုပ်နှံမှု ကုန်သွယ်ရေး ဆိုင်ရာ ဆွေးနွေးပွဲ နှင့် စီမံကိန်း လက်မှတ်ရေးထိုးပွဲ အခမ်းအနား ကို စက်တင်ဘာ ၁၆ ရက်နေ့ ညပိုင်းအချိန်တွင် ရန်ကုန်မြို့ရှိ Sule Shangri-La ဟိုတယ် တွင် ကျင်းပ ပြုလုပ် ခဲ့သည်။

အခမ်းအနား သို့ ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ မှ ဗိုလ်မှူးကြီး စောချစ်သူ ၊ တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) စီးပွားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရွီယုံမှောက် (Xu Rongmao) ၊ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် (Xie guoxiang) ၊ တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သံမှူး ဟိုကျင့် (Hou Jin) ၊ Ya Tai ကုမ္ပဏီ ဒါရိုက်တာ အဖွဲ့ ဥက္ကဋ္ဌ မစ္စတာ ထန်လွန်ခိုင် (Mr. Dylan Jiang) ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ နှင့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံအား လာရောက်ကြသည့် ကုန်သည်များ တက်ရောက် ခဲ့ကြသည်။

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) စီးပွားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရွီယုံမှောက် က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် ပြည်သူ့ နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းမှု ညီလာခံ (CPPCC) စီးပွားရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ မစ္စတာ ရွီယုံမှောက် က မိန့်ခွန်းပြောကြားရာတွင် သြဇာသက်ရောက်မှု လွန်စွာကြီးမား သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ ကို ရန်ကုန်မြို့တွင် ကျင်းပ နိုင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အတွက် အရေးပါသည့် ညီလာခံ တစ်ခု ဖြစ်ကြောင်း ၊ ယနေ့ချုပ်ဆိုမည့် စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု စာချုပ် သည် တရုတ်-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ၏ စံနမူနာ ကောင်း တစ်ခု ဖြစ်ပြီး ယခု အကြိမ်ကျင်းပ သည့် ညီလာခံ ၏ အရေးပါသည့် အစိတ်အပိုင်း တစ်ခု ဖြစ်ခဲ့ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ဆွေမျိုးပေါက်ဖော် နိုင်ငံဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု အလားအလာ သည်လည်း လွန်စွာ ကောင်းမွန်ပြီး နှစ်နိုင်ငံ အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က မိန့်ခွန်းပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး စီးပွားရေး သံမှူး ရှဲကော်ရှန် က မိန့်ခွန်းပြောကြားရာတွင် မြန်မာ နိုင်ငံ သည် အရှေ့တောင် အာရှ နိုင်ငံ များအတွင်း မှ ဈေးကွက်သစ် နိုင်ငံ တစ်နိုင်ငံ ဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရန် အလားအလာ လွန်စွာကြီးမားကြောင်း ၊ မြန်မာ နိုင်ငံ ၏ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ဥပဒေ များသည်လည်း အဆက်မပြတ် ပြုပြင်ပြောင်းလဲမှု များ ဆောင်ရွက်နေသောကြောင့် စီပွားရေး ဖွံ့ဖြိုးတိုးတက်မှု သည်လည်း အရှိန်အဟုန်မြင့်စွာ တိုးတက်နေကြောင်း ၊ တရုတ် နိုင်ငံ မှ ဖော်ဆောင်နေသည့် ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု အောက်တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ သည် ကဏ္ဍအသီးသီး ၌ ကျယ်ပြန့်သည့် ပူးပေါင်း ဆောင်ရွက်မှု အလားအလာ များ တည်ရှိကြောင်း ပြောကြား ခဲ့သည်။

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်ဖွဲ့မှ ဗိုလ်မှူးကြီး စောချစ်သူအမှာစကားပြောကြာနေစဉ် (ဆင်ဟွာ)

ရန်ကုန် မြို့တော်ဝန် ဒေါက်တာ မောင်မောင်စိုး က မိန့်ခွန်းပြောကြားရာတွင် ၁၄ ကြိမ်မြောက် ကမ္ဘာ့တရုတ် ကုန်သည်များညီလာခံ သည် ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့ပြီး ကမ္ဘာ့နေရပ် အသီးသီးမှ တရုတ်လူမျိုး ကုန်သည်ကြီးများ ၂၀၀၀ ကျော်ကို စုစည်းနိုင်ခဲ့သဖြင့် ရန်ကုန်မြို့ဖွံ့ဖြိုး တိုးတက်ရေး သမိုင်းတွင် အလွန် အရေးပါသည့် ညီလာခံ တစ်ခု ဖြစ်ခဲ့ကြောင်း ၊ ယခု ကျင်းပသည့် ညီလာခံမှ တဆင့် နိုင်ငံတကာရှိ တရုတ် ကုန်သည်များ၏ စိတ်ဝင်စားမှုကို ရရှိစေမည် ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင် အနေဖြင့် ရင်းနှီးမြှုပ်နှံမှုများ လာရောက် ပြုလုပ်ရန် လှိုက်လှဲစွာ ဖိတ်ခေါ်ကြောင်း ၊ ရင်းနှီးမြှုပ်နှံမှုများ လာရောက် ပြုလုပ်သူများ အနေဖြင့် ကျေနပ်အားရသည့် အောင်မြင်မှုများ ရရှိမည်ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် Ya Tai ကုမ္ပဏီ နှင့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ တို့မှ ရွှေကုက္ကို မြို့သစ် စီမံကိန်း ဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု သဘောတူညီချက် စာချုပ် ကို ချုပ်ဆိုခဲ့ကြပြီး Ya Tai ကုမ္ပဏီ နှင့် Zhong Ye ကုမ္ပဏီ တို့မှ စီမံကိန်း ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ သဘောတူညီမှု စာချုပ် ကို လက်မှတ်ရေးထိုး ခဲ့ကြသည်။

ရွှေကုက္ကို မြို့သစ် စီမံကိန်း သည် မြေဧက ၁၃၀၀ ရှိသည့် မြို့သစ် စီမံကိန်း တစ်ခု ဖြစ်ကြောင်း ၊ လက်ရှိချိန်တွင် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ရင်းနှီးမြှုပ်နှံပြီးဖြစ်ကြောင်း နှင့် စီမံကိန်း စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု မှာ အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ ပြုလုပ်မည့် မြို့သစ် စီမံကိန်း တစ်ခု ဖြစ်ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.