Connect with us

Social

မြန်မာ နိုင်ငံ မှ ကျောင်းသား/သူ ၁၀၀ ကျော်ကို တရုတ် နိုင်ငံ သို့ ပညာတော်သင် စေလွှတ်ပေးသည့် နှုတ်ဆက်ပွဲ အခမ်းအနား ကျင်းပ

၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ ပညာတော်သင် မြန်မာ နိုင်ငံ ကျောင်းသား/သူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၃၀ ရက် (ဆင်ဟွာ)

၂၀၁၇ ခုနှစ် တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် မြန်မာ နိုင်ငံ ကျောင်းသား/သူ များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ အခမ်းအနား ကို သြဂုတ်လ ၃၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ရှိ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ ယဉ်ကျေးမှု သံရုံး တွင် ကျင်းပ ပြုလုပ်ခဲ့သည်။

နှုတ်ဆက်ပွဲ အခမ်းအနား သို့ မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် ၊ တရုတ် နိုင်ငံ ယဉ်ကျေးမှုသံမှူး ထျန်ဆန့်ထိန် နှင့် သံရုံး သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန ရန်ကုန် အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်ကြီး ဦးကျော်ကျော်ခေါင် ၊ ပညာရေးဝန်ကြီးဌာန သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်မင်းနိုင် ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် နှင့် ပညာတော်သင်ဆုရ ကျောင်းသား/သူ တို့မှ တက်ရောက် ခဲ့ကြသည်။

အခမ်းအနားတွင် တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြားရာတွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ခေါင်းဆောင် တို့သည် ပညာရေး နှင့် ထူးချွန်သူများ ပြုစုပျိုးထောင်ရေး ကို အထူးအလေးထားကြောင်း ၊ တရုတ် နိုင်ငံ သည် မြန်မာ နိုင်ငံ ၏ ဆွေမျိုးပေါက်ဖော် ညီအကို နိုင်ငံ တစ်နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် မြန်မာ နိုင်ငံ ပညာရေး ဖွံ့ဖြိုးတိုးတက်ရန် အတွက် ကူညီထောက်ပံ့မှု များဆောင်ရွက်ပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ သံရုံး အနေဖြင့်လည်း ၂၀၁၆ ခုနှစ် မှ စတင်၍ “တရုတ်-မြန်မာ ချစ်ကြည်ရေး ပညာသင်ဆု/ပညာသင်ထောက်ပံ့ရေးဆု” ကို ထူထောင်ခဲ့ပြီး ထူးချွန်၍ ဆင်းရဲနွမ်းပါး သည့် မြန်မာ နိုင်ငံ မှ ကျောင်း/သူ များကို ပညာရေးပြီးမြောက်အောင် အကူအညီများပေးအပ်ခဲ့ပြီး တရုတ် နိုင်ငံ သို့ သွားရောက်ပညာတော်သင်ရန် ကိုလည်း ထောက်ပံ့ကူညီပေးခဲ့ကြောင်း ၊ ထို့ပြင် မြန်မာ နိုင်ငံ၌ တရုတ်-မြန်မာ ချစ်ကြည်ရေး ကျောင်းဆောင် ကွန်ယက် စီမံကိန်း ကို တည်ထောင်ခဲ့ပြီး လက်ရှိချိန်တွင် စာသင်ကျောင်းပေါင်း ၁၆ ကျောင်း ဆောက်လုပ်လှူဒါန်း ပြီးစီး ခဲ့ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် ပညာသင်ယူပြီးနောက်တွင် မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး တွင် အရေးပါသည့် တာဝန်များ ထမ်းဆောင်ပြီး မြန်မာ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးနိုင်ရန် ဆုမွန်ကောင်းတောင်းကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့်လည်း အနာဂတ် တွင် တရုတ်-မြန်မာ ချစ်ကြည်ရေး ၊ ဖလှယ်ရေး နှင့် ပူးပေါင်းဆောင်ရွက်ရေး တို့တွင် ပေါင်းကူးတံတားသဖွယ် ဖြစ်လာရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ပါမောက္ခချုပ်ကြီး ဦးကျော်ကျော်ခေါင် က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် တရုတ် နိုင်ငံ မှ ယခု ကဲ့သို့ ပညာတော်သင် များစေလွှတ်ရန် ကူညီဆောင်ရွက်ပေးမှု သည် အလွန်အရေးပါသည့် ကူညီဆောင်ရွက်မှု တစ်ခု ဖြစ်ကြောင်း ၊ ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ များသည် အနာဂတ်တွင် မြန်မာ နိုင်ငံ ၏ အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာသူများ ဖြစ်လာမည် ဖြစ်ကြောင်း ၊ ပညာတော်သင် စေလွှတ်ရန် အတွက် အဘက်ဘက် မှ ကူညီဆောင်ရွက်ပေးခဲ့သူများ အားလုံးအား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ဟုန်လျန် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ပညာရေးဝန်ကြီးဌာန အရှေ့ပိုင်း ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ်ကြီး ဦးကျော်ကျော်ခေါင် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

ကျောင်းသား/သူ များ ကိုယ်စား မြန်မာနိုင်ငံ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်မှူး ဒေါ်ပွင့်ကေခိုင် က ကျေးဇူးတင်စကားပြောကြား နေစဉ်(ဆင်ဟွာ)

ပညာသင်ဆု ရရှိခဲ့သည့် ရန်ကုန်ပညာရေး တက္ကသိုလ် မှ အင်္ဂလိပ်စာ နည်းပြ ဆရာမ ဖူဂျီကို က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြား နေစဉ်(ဆင်ဟွာ)

ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် က အမှာစကား ပြောကြားရာတွင် ယခုအကြိမ် တရုတ် နိုင်ငံ သို့ ပညာတော်သင် သွားရောက်မည့် ကျောင်းသား/သူ များအနေဖြင့် သက်ဆိုင်ရာ ပညာရပ်များကို လေးလေးနက်နက် သင်ယူကြပြီး ကမ္ဘာနှင့် ရင်ဘောင်တန်း နိုင်သည့် အသိပညာများ ရရှိအောင် သင်ယူ ရမည် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ တွင် ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများဆောင်ရွက်နေပြီး ယုံကြည်မှုအပြည့်အဝဖြင့် ကြိုးစားအားထုတ်ကြရမည်ဖြစ်ကြောင်း ၊ ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ တွင် ပညာသင်ကြားနေစဉ် အတွင်း လိုက်နာရမည့် အချက်အလက်များ နှင့် ဂရုပြုရမည့် အချက်များ ကို သတိပြုရမည် ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက်တွင် ပညာတော်သင်ဆုရရှိ သည့် ကျောင်းသား/သူ များ ကိုယ်စား မြန်မာနိုင်ငံ အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုညွှန်မှူး ဒေါ်ပွင့်ကေခိုင် က ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ် နိုင်ငံ သည် ကာလတစ်လျှောက် မြန်မာ နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့အား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ပြီး ယခုတွင် လည်း ပညာတော်သင်ဆုများ ကို ထပ်မံ ပေးအပ်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ မှ ကူညီပေးသည့် ပညာတော်သင်ဆု များသည် တိုင်းပြည်တည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်တစ်ခု ဖြစ်သည့် ပညာရေး အတွက် အကျိုးဖြစ်ထွန်းစေသည့် အစီအစဉ် တစ်ခုဖြစ်ကြောင်း ၊ ယခု အကြိမ် ပညာတော်သင်ဆု တွင် ၄၆ ဦးမှာ ပါရဂူဘွဲ့ အတွက် ဖြစ်ပြီး ၂၃ ဦး မှာ မဟာဘွဲ့အတွက် ဖြစ်ကြောင်း ၊ မြန်မာ နိုင်ငံ ကဏ္ဍအသီးသီး မှ ဝန်ထမ်းများမှ တရုတ်နိုင်ငံတွင် အဆင့်မြင့် ပညာရေးများကို သင်ယူခွင့်ရရှိမည်ဖြစ်သည့် အတွက် လွန်စွာ ဝမ်းမြောက်ပျော်ရွှင်မိကြောင်း ၊ ပညာတော်သင်ဆုရရှိသည့် ကျောင်းသား/သူ များကိုယ်စား ယခုကဲ့သို့ ကြီးမားသည့် အခွင့်အရေး ကို ဖန်တီးပေးခဲ့သော တရုတ် နိုင်ငံ အစိုးရ အား ကျေးဇူး တင်ရှိကြောင်း ပြောကြား ခဲ့သည်။

ပညာသင်ဆု ရရှိခဲ့သည့် ရန်ကုန်ပညာရေး တက္ကသိုလ် မှ အင်္ဂလိပ်စာ နည်းပြ ဆရာမ ဖူဂျီကို က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု ကို ဖြေကြားခဲ့ရာတွင် တရုတ် နိုင်ငံ မှ ပညာသင်ဆုပေးအပ်မည် ကို သိရှိရချိန်တွင် လွန်စွာ ဝမ်းမြောက်ခဲ့ရကြောင်း ၊ မြန်မာ နိုင်ငံ မှ ကျောင်းသား များအား ပညာသင်ဆု ပေးအပ်ရာတွင် တရုတ် နိုင်ငံ အစိုးရ သည် အများဆုံး ပေးအပ်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး အခြားနိုင်ငံများ နှင့်မတူဘဲ ပါရဂူဘွဲ့ အထိ ပညာတော်သင် ဆုများ ကို ပေးအပ် ခဲ့ကြောင်း ၊ ပါရဂူဘွဲ့ ရရှိရန် တရုတ် နိုင်ငံ သို့ မိမိကိုယ်ပိုင် သွားရောက်ပါက လွန်စွာ အကုန်အကျများပြီး နှစ်ရှည်ထောက်ပံ့မှု ပေးရမည် သင်ကြားမှု တစ်ခု ဖြစ်ကြောင်း ၊ ထို့ကြောင့် တရုတ် နိုင်ငံ အစိုးရ မှ ယခုကဲ့သို့ ကူညီပေးခဲ့သည့် အတွက် လွန်စွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ် တွင် မြန်မာ နိုင်ငံ မှ ကျောင်းသား/သူ ပေါင်း ၁၀၃ ဦး သည် တရုတ် နိုင်ငံ သို့ ပညာတော်သင်ရန် ရွေးချယ်ခြင်း ခံခဲ့ရပြီး ကျောင်းသား/သူ များအနေဖြင့် တရုတ် နိုင်ငံ ကျဲ့ကျန်း တက္ကသိုလ် ၊ ဝူဟန့် တက္ကသိုလ် ၊ ပေကျင်း နိုင်ငံခြားဘာသာ တက္ကသိုလ် နှင့် ပေကျင်းဆရာအတတ်သင် တက္ကသိုလ် တို့တွင် သွားရောက်ပညာ သင်ကြားကြရမည်ဖြစ် ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.