Connect with us

NPC

အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး တွင် နိုင်ငံပိုင် လုပ်ငန်းကုမ္ပဏီ များ လာမည့် ၃ နှစ်တာ ကာလ အတွင်း ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက် အား တင်ပြ

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ ကြိမ်မြောက် အစည်းအဝေး ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ပေကျင်း ၊ မေ ၂၃ ရက် (ဆင်ဟွာ)

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) တတိယ ကြိမ်မြောက် အစည်းအဝေး အစိုးရ လုပ်ငန်း အစီရင်ခံစာ တွင် နိုင်ငံပိုင် လုပ်ငန်း ကုမ္ပဏီများ ၏ ပြုပြင်ပြောင်းလဲမှု ရလဒ် များကို မြှင့်တင်သွားရန် နှင့် အနာဂတ် ၃ နှစ်တာ ကာလ အတွင်း ဆောင်ရွက်မည့် ပြုပြင်ပြောင်းလဲမှု များကို မေလ ၂၂ ရက် တွင် တင်ပြ ခဲ့သည်။

အစီရင်ခံစာ တွင် တရုတ် နိုင်ငံ နိုင်ငံပိုင်လုပ်ငန်း ကုမ္ပဏီများ က လတ်တလောနှစ်ပိုင်း အတွင်း အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီး ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်စဉ် အတွင်း လုပ်ငန်း ပမာဏ ကြီးမား လာခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ ဖြစ်ပွားမှုကြောင့် စီးပွားရေး အခြေအနေ က မသေချာမှုများ ကြီးမားလာခဲ့သဖြင့် နိုင်ငံပိုင် လုပ်ငန်းများ၏ ပြုပြင်ပြောင်းလဲမှု တာဝန်က ပိုမိုလေးနက်လာခဲ့ပြီး အခြေအနေ မှာလည်း ပိုမို ရှုပ်ထွေးလာခဲ့ကြောင်း ၊ နိုင်ငံတော် ပိုင်ဆိုင်မှု စီမံထိန်းချုပ်မှု စနစ် အား ပိုမို ကောင်းမွန်အောင် ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲမှု စနစ်များ အား နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် အစီရင်ခံစာ တွင် ယခုနှစ် အတွင်း နိုင်ငံပိုင် လုပ်ငန်း ကုမ္ပဏီ များ ၏ စနစ်ဟောင်း မှ ကျန်ရှိနေသည့် ပြဿနာ များကို အခြေခံအားဖြင့် ပြီးဆုံးအောင် ဖြေရှင်းသွားမည် ဖြစ်ကြောင်း ပါဝင်ခဲ့သည်။ ယင်းကိစ္စရပ် နှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်ပယ် အတွင်းရှိသူ များ က ယင်း ဆောင်ရွက်မှု သည် နိုင်ငံပိုင် လုပ်ငန်း ကုမ္ပဏီ ၏ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ရမည့် အရေးကြီးသော တာဝန် တစ်ရပ်ဖြစ်ပြီး တည်ဆောက်ပုံ အရ ပြုပြင်ပြောင်းလဲမှု ပြုလုပ်သည့် အရေးပါသော ဆောင်ရွက်မှု ဖြစ်ကာ အခြေခံ အများပြည်သူ ဝန်ဆောင်မှု တန်းတူညီမျှရေး ကို တွန်းအားပေး ဆောင်ရွက်ပေးနိုင်မည် ဟု ယူဆကြကြောင်း သိရှိရသည်။  (Xinhua)