Connect with us

Videos

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သံတမန်ကဏ္ဍကို အကောင်းမွန်ဆုံးပုံဖော်ပေးသည့် ခေါင်းဆောင်တစ်ဦး ဖြစ်

ပေကျင်း၊ မတ် ၈ ရက်(ဆင်ဟွာ)

သမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သံတမန်ကဏ္ဍကို အကောင်းမွန်ဆုံးပုံဖော်ပေးသည့် ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဝမ်ရိက ယနေ့မတ်လ ၈ ရက်တွင် ပြုလုပ်သည့် ၁၃ ကြိမ်မြောက် (NPC) အမျိုးသားပြည်သူ့ကွန်ဂရက် ပထမအကြိမ်အစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

သမ္မတရှီကျင့်ဖိန်က ၂ဝ၁၂ ခုနှစ်ကတည်းက တရုတ်နိုင်ငံ၏ အဓိကကျသော သံတမန်ကဏ္ဍတွင် အဓိက ဦးဆောင်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ပါကြောင်း၊ သမ္မတရှီက ကမ္ဘာ့တိုက်ကြီးအသီးသီးရှိ နိုင်ငံပေါင်း ၅၇ နိုင်ငံကို သွားရောက်လည်ပတ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးပေါင်း ၁၁ဝကျော်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ထိုသို့တွေ့ဆုံဆွေးနွေးမှုများ နှင့် သွားရောက်လည်ပတ်မှုများကြောင့် တရုတ်နိုင်ငံ၏ ပကတိအနေအထား၊ တိုးတက်မှုများနှင့် ကမ္ဘာ့ပြဿနာအရပ်ရပ်ကိုဖြေရှင်းပေးနိုင်သည့် သြဇာအာဏာတို့ကို တစ်ကမ္ဘာလုံးက နက်ရှိုင်းစွာနားလည်သိမြင်စေခဲ့ကြောင်း၊ သမ္မတရှီ၏ ခေါင်းဆောင်မှုဖြင့် ယဉ်ကျေးမှုမတူကွဲပြားသည့် နေရာဒေသများ၏ ခေါင်းဆောင်များပါမကျန် တရုတ်နိုင်ငံနှင့်မိတ်ဆွေနိုင်ငံများအဖြစ် များစွာတိုးတက် မှုရှိခဲ့ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ဝန်ကြီးဝမ်ရိကပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.