Connect with us

Videos

၂၀၂၀ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ပြည်တွင်း ၊ ပြည်ပမှ လူအများ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ 

ရန်ကုန် ၊ ဇန်နဝါရီ ၂၅ ရက်(ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ရန်ကုန်မြို့ ၊ လသာမြို့နယ်ရှိ တရုတ်တန်း တစ်လျောက်၌ ယနေ့ ဇန်နဝါရီ ၂၅ ရက်တွင် ပွဲတော် ဖွင့်ပွဲ အခမ်းအနား နှင့် အတူ စည်ကားသိုက်မြိုက်စွာဖြင့် စတင် ဖွင့်လှစ် ကျင်းပခဲ့ရာ ဒေသခံ ပြည်သူများ အပါအဝင် ပြည်ပမှ ခရီးသွား ဧည့်သည်များပါ ပျော်ရွှင်စွာ ပါဝင် ဆင်နွှဲလျက် ရှိသည်။

ပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း နှင့်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီ တာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ(Ms.Li Xiaoyan)တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့သည်။၂၀၂၀ ပြည့်နှစ် တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် နှစ်သစ်ကူး မင်္ဂလာမုခ်ဦးအား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးမှ ယာယီတာဝန်ခံ ၊ သံမှူးကြီး ဒေါ်နွဲ့ကလျာ နှင့် ဖူကျန့်တရုတ် အမျိုးသားများ အသင်း ဥက္ကဋ္ဌ ဦးကျင်ပိန်တို့က စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲ အခမ်းအနားအား တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။ယခုနှစ် ရန်ကုန်မြို့၌ ကျင်းပသော တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်အား ဇန်နဝါရီ ၂၅ ရက် နှင့် ၂၆ ရက်တို့တွင် တရုတ်တန်း တစ်လျှောက် ရိုးရာဖျော်ဖြေရေးအစီအစဉ်များ၊ ပျော်ပွဲရွှင်ပွဲများနှင့် Live show အစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.