Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ထိန်းသိမ်းကာကွယ်ထားသော သစ်တောအတွင်း သေဆုံးနေသော ဆင် ၁၈ ကောင်ခန့်တွေ့ရှိ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ် နာဂွန်ခရိုင်တွင် ဆင်အသေကောင်အား နောက်ဆုံးအကြိမ် အရိုအသေပေးနေသည့် ရွာသူရွာသားများကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မေ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ်ရှိ ထိန်းသိမ်းကာကွယ်ထားသော Kondali သစ်တောကြိုးဝိုင်းအတွင်း မိုးကြိုးပစ်ခံရသည်ဟု ယူဆရသော ဆင် ၁၈ ကောင်ထက်မနည်း သေဆုံးနေကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ် နာဂွန်ခရိုင်တွင် ဆင်အသေကောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ် နာဂွန်ခရိုင်တွင် ဆင်အသေကောင်အား နောက်ဆုံးအကြိမ် အရိုအသေပေးနေသည့် ရွာသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာဆမ်ပြည်နယ် နာဂွန်ခရိုင်တွင် ဆင်အသေကောင်များအား တွေ့ရစဉ် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် ဆင်ကောင်ရေ ၃၀,၀၀၀ နီးပါးရှိကြောင်း၊ ယင်းမှာ အာရှတောရိုင်းဆင် အရေအတွက်၏ ၆၀ ရာခိုင်နှုန်းခန့် ဖြစ်ကြောင်း၊ အာရှတိုက်၏ တောရိုင်းဆင် ၆,၀၀၀ ခန့် သို့မဟုတ် ယင်းထက်ပိုသော ဆင်ကောင်ရေများမှာ အာဆမ်ပြည်နယ်တွင် နေထိုင်ကျက်စားလျက်ရှိကြောင်း သိရသည်။ (Xinhua)

———————————–
(English Version)
Asia Album: 18 elephants found dead in India’s protected forest
Source: Xinhua| 2021-05-15 12:15:28|Editor: huaxia
NEW DELHI, May 15 (Xinhua) — At least 18 elephants were suspected to have been killed by lightning in the protected Kondali forest reserve, India’s northeastern state of Assam.
India is home to nearly 30,000 elephants, about 60 percent of the wild Asian elephant population. An estimated 6,000 or more wild Asiatic elephants live in Assam.
1- Villagers pay their last respects to the carcass of an elephant in Nagaon district, India’s northeastern state of Assam, on May 14, 2021. (Str/Xinhua)
2- Carcasses of elephants are seen in Nagaon district, India’s northeastern state of Assam, on May 14, 2021. (Str/Xinhua)
3- A villager pays her last respects to the carcass of an elephant in Nagaon district, India’s northeastern state of Assam, on May 14, 2021. (Str/Xinhua)
4- Carcasses of elephants are seen in Nagaon district, India’s northeastern state of Assam, on May 14, 2021. (Str/Xinhua)■