Connect with us

Africa & Middle East

ကင်ညာနိုင်ငံတွင် လမ်းဘေး ဗုံးပေါက်ကွဲမှုကြောင့် လူ ၈ ဦး သေဆုံး

ရုရှားနိုင်ငံတွင်ကျင်းပသော ၂၀၁၈ ဖီဖာကမ္ဘာ့ဖလားဘောလုံးပွဲ အား လာရောက်အားပေးသူများကို တွေ့ရစဉ် (ဆင်ဟွာ)

နိုင်ရိုဘီ ၊ ဇွန် ၁၈ ရက်(ဆင်ဟွာ)

ဆိုမာလီယာ နယ်စပ်နှင့်ထိစပ်နေသည့် ကင်ညာနိုင်ငံ အရှေ့မြောက်ပိုင်း Wajir Countyတွင် ဇွန် ၁၇ ရက် က လမ်းဘေး ဗုံးခွဲ တိုက်ခိုက်ခံရခြင်းကြောင့် လုံခြုံရေးရဲကားတစ်စီးပေါ်လိုက်ပါလာသည့် လုံခြုံရေးဝန်ထမ်း ၈ ဦး သေဆုံးခဲ့ကြောင်း ဒေသခံအရာရှိတစ်ဦးက ယင်းနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ လုံခြုံရေးရဲကားမှာ Wajir Countyတွင် မောင်းနှင်နေစဉ် လမ်းဘေးရှိဗုံးကို ထိမိရာမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ မော်တော်ယာဉ်တစ်စီးလုံး ပျက်စီးခဲ့ပြီး ရဲဝန်ထမ်း ၅ ဦး၊ အရံရဲတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း ကင်ညာအရှေ့မြောက်ပိုင်းဒေသ ညှိနှိုင်းရေးအရာရှိ Muhammad Saleh က ဆိုသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် Wajir Countyတွင်လုံခြုံရေးများတိုးမြှင့်ချထားပြီးဖြစ်ကြောင်း နှင့် ယခုတစ်ကြိမ် ပေါက်ကွဲမှုကို နယ်စပ်ဖြတ်ကျော်လာသည့် ဆိုမာလီယာ အယ်လ်ရှာဘတ် လက်နက်ကိုင်များက လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု ရဲဘက်က ယူဆနေကြောင်း သိရသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ် အဖွဲ့အစည်း သည် အယ်လ်ကိုင်ဒါး အဖွဲ့အစည်း နှင့် ဆက်သွယ်မှု ရှိသည့် အစွန်းရောက် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာ နိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက် တိုက်ခိုက်မှုများစွာ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.