Connect with us

Africa & Middle East

ကင်မရွန်းနိုင်ငံတွင် ဘိုကိုဟာရမ်စစ်သွေးကြွများ၏ အသေခံဗုံးခွဲမှုကြောင့် အနည်းဆုံး လူ၂ဦးသေဆုံး

ကင်မရွန်းနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သည့် ဘိုကိုဟာရမ်စစ်သွေးကြွများ၏ ဗုံးဖောက်ခွဲမှုတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ကင်မရွန်း၊ ဒီဇင်ဘာ ၁၂ ရက် (ဆင်ဟွာ)

ကင်မရွန်းနိုင်ငံ ဖားနော့သ်ပြည်နယ် တွင် ဒီဇင်ဘာ ၁၁ ရက်က ဘိုကိုဟာရမ်အကြမ်းဖက်အဖွဲ့က ပြုလုပ်သည်ဟု ယူဆရသော အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် အနည်းဆုံး အရပ်သား ၂ဦးသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ဆင်ဟွာသို့ပြောကြားခဲ့သည်။

ဒေသခံတစ်ဦးဖြစ်သူ Oumar က ဖားနော့သ်ပြည်နယ် မာရိုဆာဗာနယ်မြေ ကီရာဝါမြို့ရှိ Abdoulaye ဗလီအတွင်း၌ ဒေသစံတော်ချိန် နံနက် ၅း၄၅နာရီတွင် လူငယ်အသေခံဗုံးခွဲသမားတစ်ဦး က ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး လူ၂ဦးသေဆုံးခဲ့ကြောင်း ပြောကြားခဲ့သည်။

အသေခံဗုံးခွဲသမားသည်လည်း အခင်းဖြစ်ပွားရာ၌ပင်သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.