Connect with us

Africa & Middle East

ကာရှော့ဂီအသတ်ခံရမှု တွင်ဆော်ဒီ အိမ်ရှေ့မင်းသားနှင့်ဆက်စပ်မှုမရှိဟုငြင်းဆို

ဆော်ဒီသတင်းထောက် ကာရှော့ဂီအသတ်ခံရမှုနှင့်ပတ်သက်၍ တူရကီနိုင်ငံ၊အစ္စတန် ဘူလ်မြို့ရှိ ဆော်ဒီအာရေဗျသံရုံးရှေ့တွင် ဆန္ဒပြနေသူများအားတွေ့ရစဉ်။(ဆင်ဟွာ)

ရီယာ့ဒ်၊ဖေဖော်ဝါရီ လ ၉ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေဗျနိုင်ငံအစိုးရ၊နိုင်ငံခြားရေးဝန်ကြီး အဒယ်လ် အယ်လ်ဂျူဘား(Adel Al-Jubeir)ကဆော် ဒီအာရေဗျနိုင်ငံသားသတင်းထောက် ဂျမယ်လ်ကာရှော့ဂီ(Jamal Khashoggi)အသတ်ခံရမှုတွင်ဆော် ဒီအာရေဗျ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆာလ်မန ်(Mohammed Bin Salman) နှင့်ဆက်စပ်နေ သည်ဆိုခြင်းမှာမမှန်ကန်ကြောင်း ဖေဖော်ဝါရီလ ၈ ရက်ကငြင်းဆိုပြောကြားခဲ့သည်။

ဝါရှင်တန်မြို့တွင် သတင်းထောက်များကိုပြောကြားရာ၌ ထိုစွပ်စွဲချက်များကအခြေအမြစ်မရှိကြောင်းနှင့်ထိုသို့စွပ်စွဲပြော ကြားမှုများအတွက် တာဝန်ယူရမည်ဖြစ်ကြောင်းလည်း၎င်း ကပြောကြားခဲ့သည်။ဆော်ဒီသတင်းထောက်ကာရှော့ဂီမှာ တူရကီနိုင်ငံ၊အစ္စတန်ဘူလ်မြို့ရှိဆော်ဒီအာရေဗျကောင်စစ်ဝန်ရုံး အတွင်း ၂၀၁၈ ခုနှစ်၊အောက်တိုဘာလက အသတ်ခံခဲ့ရရာဆော်ဒီထိပ်တန်းအရာရှိအချို့ထိုလူသတ်မှု နှင့်ဆက်စပ်နေမှုဖြင့်အဖမ်းခံခဲ့ရသည်။

ဆော်ဒီဘုရင် ဆာလ်မန်ဘင်အဗ္ဗဒူလာဇစ် အယ်လ်ဆော့ဒ်(Salman bin Abdulaziz Al Saud) ဆော်ဒီ ထောက်လှမ်းရေးအာဏာပိုင်အဖွဲ့အား ပြန်လည်ဖွဲ့စည်းရန်အမိန့်ပေးခဲ့သည်။ ဇန်နဝါရီလအတွင်းကမူ ဆော်ဒီတရားရုံးက လူသတ်မှုနှင့်ပတ်သက်နေသည်ဟုသံသယရှိရသူ ၁၁ ဦးအနက် ၅ ဦးကိုသေဒဏ် ပေးရန်တောင်းဆိုခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.