Connect with us

Africa & Middle East

ဆီးရီးယားအရှေ့ပိုင်းတွင် အမေရိကန် ထောက်ပံ့ထားသော ကာ့ဒ်တပ်ဖွဲ့ဝင်များက IS စစ်သွေးကြွများအား တိုက်စစ်ဆင်

အမေရိကန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ဝင်များ အားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံက ကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) သည် ဖေဖော်ဝါရီ ၉ရက်တွင် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း ရှိ IS စစ်သွေးကြွများအား နောက်ဆုံးတိုက်ထုတ်ခြင်းအဖြစ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ကာ့ဒ်တက်ကြွလှုပ်ရှားသူများကပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံအရှေ့ပိုင်း Deir al-Zour ပြည်နယ် Baghouz မြို့မှ ပြည်သူ ၂၀,၀၀၀ကျော်ကို ကယ်ထုတ်ခဲ့ပြီးနောက် အရှေ့ပိုင်း Euphrates ဒေသရှိ IS တို့နောက်ဆုံးထိန်းချုပ်ထားသည့် နယ်မြေအား SDF တပ်ဖွဲ့က ညပိုင်းစစ်ဆင်ရေးတစ်ရပ် ပြုလုပ်ခဲ့ကြောင်း SDF သတင်းပြန်ကြားရေးရုံးအကြီးအကဲ Mustafa Balli ကပြောကြားခဲ့သည်။

Balli က အဆိုပါတိုက်ပွဲသည် Baghouz မြို့အတွင်း ကျန်ရစ်နေသည့် IS စစ်သွေးကြွများအားလုံးကို အမြစ်ပြတ်ချေမှုန်းရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။

SDF တပ်ဖွဲ့သည် ပြီးခဲသည့် ၂၀၁၈ခုနှစ် စက်တင်ဘာလကတည်းက အရှေ့ပိုင်း Euphrates ဒေသမှ IS စစ်သွေးကြွများကို အမြစ်ပြတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။

စောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခု၏ ပြောကြားချက်အရ IS စစ်သွေးကြွအများအပြားအပါအဝင် အရပ်သား ၃၇,၀၀၀ ကျော်သည် IS တို့နောက်ဆုံးခြေကုပ်ယူ ထိန်းချုပ်ထားသော နယ်မြေမှ ၂၀၁၈ခုနှစ် ဒီဇင်ဘာလကတည်းက အရှေ့ပိုင်း Euphrates ဒေသရှိ SDF တပ်ဖွဲ့က ထိန်းချုပ်ထားသော ဧရိယာများသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.