Connect with us

Africa & Middle East

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်းတွင် လူ ၇ ဦး ခေါင်းဖြတ်သတ်ခံရ၊ မိန်းကလေးငယ် ၃ ဦး ပြန်ပေးဆွဲခံရ

မိုဇမ်ဘစ်နိုင်ငံရှိ စာသင်ကျောင်းတစ်ခုတွင် ပညာသင်ကြားနေသည့် ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မာပူတို၊ ဖေဖော်ဝါရီ ၈ ရက် (ဆင်ဟွာ)

မိုဇမ်ဘစ်နိုင်ငံ မြောက်ပိုင်း ကာဘို ဒဲလ်ဂါဒိုပြည်နယ်တွင် ဖေဖော်ဝါရီလ ၇ ရက် အစောပိုင်းက လက်နက်ကိုင် အမျိုးသားများက လူ ၇ ဦးအား ခေါင်းဖြတ်သတ်ခဲ့သလို မိန်းကလေးငယ် ၃ ဦးကို ပြန်ပေးဆွဲသွားခဲ့ကြောင်း နိုင်ငံပိုင် ရေဒီယိုဌာနဖြစ်သော ရေဒီယို မိုဇမ်ဘစ် (RM) ကဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်သူများက မာကွန်မီယာခရိုင်ရှိ ကျေးရွာတစ်ရွာရှိ နေအိမ်များသို့ ဝင်ရောက်ခဲ့ပြီး ၎င်းတို့နှင့် ပက်ပင်းကြုံတွေ့ရသူ ၇ ဦးအား ခေါင်းဖြတ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ပြေးလွတ်မြောက်လာသူအချို့က RM သို့ ပြောကြားခဲ့သည်။သစ်တောထဲ၌ ညအိပ်သူများက နေအိမ်သို့ပြန်လာကြစဉ် သေဆုံးသူများအား တွေ့ရှိခဲ့ခြင်းဖြစ်သည်။ခရိုင်အချို့တွင် ဒေသခံများက အကြမ်းဖက်သူများ၏ ကျူးကျော်မှုများအား ကြောက်ရွံ့သဖြင့် နေအိမ်များ စွန့်ကာထွက်ပြေးခဲ့ကြကြောင်း သိရသည်။ထို့ပြင် အသက် ၁၃ နှစ်မှ ၁၅ နှစ်ကြား မိန်းကလေး ၃ ဦး ပျောက်ဆုံးနေကြောင်း ရွာသားများက ပြောခဲ့သည်။ (Xinhua)