Connect with us

Africa & Middle East

ဆိုမာလီယာ ရဲသင်တန်းကျောင်း တိုက်ခိုက်ခံရမှု သေဆုံးသူ ၁၈ဦးထိရှိလာ

တိုက်ခိုက်ခံရသည့် ရဲသင်တန်းကျောင်းသို့ အလုပ်သင်ရဲတပ်ဖွဲ့ဝင်များ အကူအညီပေးရန် ရောက်ရှိလာစဉ် (ဓါတ်ပုံ-အင်တာနက်)

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးမြို့၌ ဒီဇင်ဘာ ၁၄ ရက် အစောပိုင်းက ရဲသင်တန်းကျောင်းတစ်ခုတွင် အသေခံဗုံးဖောက်ခွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး ရဲတပ်ဖွဲ့ဝင် ၁၈ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ယာယီ ရဲချုပ် Muktar Hussein Afrah က ရဲဝတ်စုံအား ဝတ်ဆင်ထားသော အသေခံဗုံးခွဲသမားသည် ရဲတပ်ဖွဲ့ဝင်များ နံနက်စာ စားနေချိန်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဝန်ကြီးချုပ်ရုံး ပြည်နယ်ဝန်ကြီး Abudullahi Hamud က ရဲတပ်ဖွဲ့သည် အသေခံဗုံးခွဲသမား မည်သူဖြစ်ကြောင်း ကို ဖော်ထုတ်သိရှိပြီးဖြစ်ကာ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံးသွားပါက ၎င်း၏ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းပြောကြားခဲ့သည်။

အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့က ယင်းတိုက်ခိုက်မှုသည် ၎င်းတို့ပြုလုပ်ခြင်းဖြစ်ကြောင်း ကြေညာခဲ့ကြောင်း သိရသည်။ အောက်တိုဘာ ၁၄ ရက်တွင် လူရှုပ်ထွေးရာ လမ်းစုံတစ်ခု၌ ဖြစ်ပွားခဲ့သော ကုန်တင်ကားဖြင့် ဗုံးဖောက်ခွဲမှုကြောင့် လူ ၅၁၂ဦးသေဆုံးပြီး အခြားလူ ၃၀၀ကျော် ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အပြီး ၂လအကြာတွင် ယခုတိုက်ခိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သို့သော် အယ်လ်ရှာဘတ် စစ်သွေးကြွအဖွဲ့က အောက်တိုဘာ ၁၄ ရက်တိုက်ခိုက်မှုသည် ၎င်းတို့လက်ချက်မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.