Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရန် ထရမ့်နှင့် အာဒိုဂန် ဖုန်းဖြင့် ဆွေးနွေး

အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန်တို့အားတွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဆီးရီးယားနိုင်ငံမှ အမေရိကန် တပ်များရုပ်သိမ်းရေးနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) နှင့် တူရကီနိုင်ငံ သမ္မတ ရီဆက် တေရစ် အာဒိုဂန် (Recep Tayyip Erdogan) တို့သည် ဖေဖော်ဝါရီ ၂၁ရက် နှောင်းပိုင်းက ဖုန်းဖြင့် ဆက်သွယ် ဆွေးနွေးခဲ့ကြောင်း တူရကီနိုင်ငံပိုင် Anadolu သတင်းအေဂျင်စီက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမေရိကန် သမ္မတနှင့် တူရကီ သမ္မတတို့သည် ဆီးရီးယားနိုင်ငံတွင် နောက်ဆုံးဖြစ်ပေါ်တိုးတက်နေမှု အခြေအနေများနှင့် ပဋိပက္ခတွင် နိုင်ငံရေးနည်းလမ်းတစ်ခုဖြစ် အဖြေရှာရန် အရေးကြီးပုံကို အလေးအနက်ထား ဆွေးနွေးခဲ့ကြောင်း Anadoluသတင်းအရ သိရသည်။အဆိုပါ ဖုန်းဖြင့်ဆက်သွယ်ပြောကြားစဉ်အတွင်း နှစ်နိုင်ငံ သမ္မတများသည် အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲကတိကဝတ်ကို ထပ်လောင်းအတည်ပြုခြင်းနှင့် အမေရိကန် ဒေါ်လာ ၇၅ ဘီလီယံတန်ဖိုးရှိ နှစ်နိုင်ငံ ကုန်သွယ်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။(Xinhua)