Connect with us

Africa & Middle East

ဆီးရီးယားနိုင်ငံ တွင် အီရန်နိုင်ငံက နေအိမ် အလုံး ၂၀၀,၀၀၀ ဆောက်လုပ်ပေးသွားမည်

ဆီးရီးယားနိုင်ငံ ရှိ နေအိမ်တစ်ချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံသည် ဆီးရီးယားနိုင်ငံ ၌ နေအိမ်အလုံးပေါင်း ၂၀၀,၀၀၀ ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးအဖွဲ့အစည်းတစ်ခု၏ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ Tasnim သတင်းဌာန က ဖေဖော်ဝါရီ ၂၄ ရက်တွင်ဖော်ပြခဲ့သည်။

အီရန် နှင့် ဆီးရီးယားတို့သည် မကြာသေးမီက မြို့ပြတည်ဆောက်ရေး၊ ခရီးသွားလုပ်ငန်း နှင့် စိုက်ပျိုးရေးလုပ်ငန်း ဆိုင်ရာ စီမံကိန်းများ နှင့် ပတ်သက်၍ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြောင်း တီဟီရန်ပြည်နယ် အကြီးစားဆောက်လုပ်ရေးအဖွဲ့အစည်း၏ ဒုတိယဥက္ကဋ္ဌ Iraj Rahbar ကပြောကြားခဲ့သည်။

အစီအစဉ်များအရ အီရန်နိုင်ငံ သည် အဓိကအားဖြင့် မြို့တော် ဒမတ်စကပ်စ်မြို့တွင် မိသားစုပေါင်းစုံ စုစည်းနေထိုင်သည့် လူနေတိုက်ခန်းပုံစံမျိုးဖြင့် လူနေအိမ်အလုံးပေါင်း ၂၀၀,၀၀၀ ကို ဆောက်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။

Rahbar က ဆီးရီးယားအာဏာပိုင်များသည် အီရန်နိုင်ငံအား ယုံကြည်စိတ်ချရသော မိတ်ဖက်တစ်ဦးအဖြစ် လက်ခံနားလည်ထားကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် လက အီရန်နိုင်ငံ ပထမဒုတိယသမ္မတ Eshaq Jahangiri သည် နိုင်ငံရေး နှင့် စီးပွားရေးကိုယ်စားလှယ်အဖွဲ့တစ်ခုကိုဦးဆောင်၍ ဆီးရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီး နှစ်ဖက် အပြန်အလှန် သဘောတူညီချက် ၁၁ခုကို လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.