Connect with us

Africa & Middle East

IS အကြမ်းဖက်သမား အယောက် ၁၈၀ ကို SDF ထံမှ အီရတ်လွှဲပြောင်းရယူ

အီရတ်စစ်သားတချို့ ကိုတွေ့ရစဉ် (ဆင်ဟွာ)

ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန် မှ ကျောထောက်နောက်ခံပြုထားသည့် ဆီးရီးယားဒီမိုကရက်တစ်တပ်ဖွဲ့ (SDF) က ဆီးရီးယားနိုင်ငံ၌ ဖမ်းဆီးရမိထားသည့် IS အကြမ်းဖက်သမား ဒုတိယအသုတ် အယောက် ၁၈၀ ကို ဖေဖော်ဝါရီ လ ၂၃ ရက် နေ့တွင် အီရတ်လုံခြုံရေးတပ်ဖွဲ့ဝင်များက လွှဲပြောင်းရယူခဲ့ကြောင်း လုံခြုံရေးဆိုင်ရာ သတင်းအရင်းအမြစ်တစ်ခုက ဆင်ဟွာကို ပြောသည်။

“Daesh (IS) အဖွဲ့က အကြမ်းဖက်သမား အယောက်၁၈၀ ကို အီရတ်စစ်တပ်ကလွှဲပြောင်းရယူခဲ့ပါတယ်။ သူတို့က အီရတ်နိုင်ငံသားတွေပါပဲ’’ ဟု အီရတ်နိုင်ငံ အနောက်ဘက် အန်ဘာပြည်နယ်၊ al-Jazira စစ်ဆင်ရေးစစ်တိုင်းဌာနချုပ်မှ အမည်မဖော်လိုသူအရာရှိတစ်ဦးက ဆင်ဟွာကိုပြောသည်။

“ဒီအကြမ်းဖက်သမားတွေကို အီရတ်နဲ့ ဆီးရီးယားနပ်စပ်နားက al-Qaim မြို့အီရတ်စစ် ဌာနချုပ်ရဲ့ လက်နက်ကိုင်အစောင့်အရှောက်ပါတဲ့ထရပ်ကားတွေပေါ်ကို လွှဲပြောင်းပေးခဲ့တယ်’’ ဟု လုံခြုံရေးဘက်မှ အရာရှိတစ်ဦးကပြောသည်။

လွှဲပြောင်းရယူသည့် နယ်စပ်မှ ၎င်းတို့ကိုစစ်မေးမည့် အီရတ်အခြေစိုက်စခန်း အထိ သွားသည့်လမ်းတစ်လျှောက်တွင် အီရတ်စစ်တပ်၊ နယ်ခြားစောင့်တပ်သားများ နှင့် Hashd Shaabi တပ်ဖွဲ့ဝင်များက လုံခြုံရေး အတွက်ပူးပေါင်းဆောင်ရွက်ထားကြကြောင်း ၎င်းတာဝန်ရှိသူက ဖြည့်စွက်ပြောကြားသည်။

အီရတ်စစ်တပ် နှင့် SDF တို့ အကြား အကြမ်းဖက်သမားများကို လွှဲပြောင်းပေးသည့် လုပ်ငန်းစဉ်ကို အီရတ်စစ်တပ် နှင့် အီရတ်ထောက်လှမ်းရေး တို့ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။

ဆီးရီးယား အရှေ့ပိုင်း Deir al-Zour ပြည်နယ်၊ Euphrates မြစ် အရှေ့ ဒေသ IS တို့၏ နောက်ဆုံးခြေကုပ်ဒေသ ဖြစ်သော Baghouz တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် SDF က IS အကြမ်းဖက်သမား ၁၅၀ ကို al-Jazira စစ်တိုင်းဌာနချုပ်သို့ ဖေဖော်ဝါရီလ ၂၁ရက်နေ့ တွင် လွှဲပေးခဲ့သေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.