Connect with us

Africa & Middle East

ဆီးရီးယား အရေး ဖြေရှင်းရာတွင် တရုတ်နိုင်ငံက နိုင်ငံရေးအရ ကူညီမှု ဆက်လက် ပြုလုပ်သွားမည်

စစ်ဘေးဒဏ်ကြောင့် အိုးအိမ်များမှ ထွက်ပြေးလာကြသော ဆီးရီးယားပြည်သူများ (ဆင်ဟွာ)

ဆိုဖီယာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ဆီးရီးယား အရေးနှင့် ပတ်သက်၍ နိုင်ငံရေးနည်းလမ်း အရ အဖြေရှာနိုင်ရန် ကူညီမှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝန်ရိက အောက်တိုဘာလ ၁၅ ရက်တွင် ပြောသည်။

တရုတ်နိုင်ငံ အနေဖြင့် ဆီးရီးယား အရေး၌ နိုင်ငံရေး နည်းလမ်းအရ အဖြေရှာတွင် တက်ကြွစွာ လုပ်ကိုင်ခဲ့ပြီး ယင်း ဦးတည်ချက် အတိုင်း ရှေ့ဆက် လုပ်ဆောင်သွားမည်ဟု ဘူလ်ဂေးရီးယား နိုင်ငံခြားရေး ဝန်ကြီး ဒယ်နီရယ် မိုင်တက်ဗ် နှင့်အတူ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်တွင် ဝန်က ပြောခဲ့သည်။

ဤပဋိပက္ခအား နိုင်ငံရေး နည်းလမ်းအားဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း အင်အားသုံး ဖြေရှင်း၍ မရနိုင်ကြောင်း ထို့အပြင် အကြမ်းဖက်မှု ဆန့်ကျင်ရေး လုပ်ဆောင်မှုများသည် နိုင်ငံတကာ ဥပဒေများနှင့် အညီ လုပ်ဆောင်သင့်ကြောင်း၊ ကုလသမဂ္ဂ၏ အကူအညီယူ၍ ဆီးရီးယားရှိ အဖွဲ့အစည်း များအားလုံး စားပွဲဝိုင်း တွင် အတူတကွ ထိုင်လျက် ညှိနှိုင်း ဆွေးနွေးပြီး တိုင်းပြည်၏ အခြေခံကျသော အကျိုးစီးပွားများနှင့် အညီ အဖြေရှာသင့်ကြောင်း ဝန်က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117