Connect with us

Africa & Middle East

ဆော်ဒီအာရေဗျ နိုင်ငံ ရဟတ်ယာဉ် တစ်စင်း ယီမင် နိုင်ငံ တွင် ပျက်ကျ ခဲ့ရာ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး

ဆောင်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ညွှန်ပေါင်း တပ်ဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် ပျက်စီး ခဲ့သည့် ယီမင် နိုင်ငံ ရှိ နေအိမ် တစ်ခု အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရီယာ့ဒ် ၊ စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ)

ဆောင်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သော နိုင်ငံတကာ ညွှန်ပေါင်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၁၄ ရက် ၌ ညွှန်ပေါင်း တပ်ဖွဲ့ ၏ ယီမင် နိုင်ငံ တွင် ဆောင်ရွက်သည့် စစ်ဆင်ရေး တွင် ပါဝင် သော ဆော်ဒီအာရေဗျ နိုင်ငံ မှ ရဟတ်ယာဉ် တစ်စင်း သည် ယီမင် နိုင်ငံ တွင် ပျက်ကျ ခဲ့ပြီး ရဟတ်ယာဉ် ပေါ်ရှိ တပ်ဖွဲ့ဝင် ၂ ဦး သေဆုံး ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ညွှန်ပေါင်း တပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ က စက်တင်ဘာ ၁၄ ရက် နံနက်ပိုင်း အချိန်တွင် ပျက်ကျ ခဲ့သည့် ရဟတ်ယာဉ် မှ ယီမင် နိုင်ငံ အတွင်း အကြမ်းဖက် နှိမ်နင်းရေး နှင့် မှောင်ခိုမှု နှိမ်နင်းရေး တာဝန် ဆောင်ရွက်နေစဉ် အတွင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် သမ္မတ Abdrabbuh Mansur Hadi သည် ဆော်ဒီအာရေဗျ နိုင်ငံ သို့ ထွက်ပြေး တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကာ ညွှန်ပေါင်း တပ်ဖွဲ့ ၏ တိုက်လေယာဉ်များ က ယီမင် နိုင်ငံ အတွင်း လေကြောင်း တိုက်ခိုက်မှုများ မကြာခဏ ဆောင်ရွက်လေ့ရှိကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.