Connect with us

Africa & Middle East

တူရကီနိုင်ငံ သမ္မတ အာဒိုဂန်ကို ဘိုးရင်း 747-8 ဇိမ်ခံဂျက်လေယာဉ် တစ်စင်း ကာတာနိုင်ငံက လက်ဆောင်ပေး

ဘိုးရင်း 747-8 လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ကာတာနိုင်ငံက တူရကီနိုင်ငံ သမ္မတ ရီဆပ်တေရစ် အာဒိုဂန် (Recep Tayyip Erdogan) အား ကမ္ဘာ့အကြီးဆုံးနှင့် တန်ဖိုးအကြီးဆုံး ပုဂ္ဂလိကပိုင် ဘိုးရင်း 747-8 လေယာဉ်တစ်စင်းကို လက်ဆောင်ပေးခဲ့ကြောင်း ဒေသခံသတင်းစာက စက်တင်ဘာလ ၁၄ ရက်က သတင်းတင်ပြခဲ့သည်။

တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၆၇ သန်းရှိသော ဇိမ်ခံလေယာဉ်သည် ပြင်သစ်နိုင်ငံမှ တူရကီနိုင်ငံ အစ္စတန်ဘူးလ်မြို့ Sahiba Gokcen နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ကြောင်း Daily Yeni Safak က ဖော်ပြခဲ့သည်။

အဆိုပါ လေယာဉ်တွင် ကျယ်ပြန်သော သီးသန့်အခန်းများ၊ ဧည့်ခန်းများ၊ ဘုတ်အဖွဲ့အစည်းအဝေးခန်းများ၊ ပထမတန်းစားထိုင်ခုံနေရာများနှင့် ကိုယ်ပိုင်ဆေးရုံ ပါဝင်သည့် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်ပြီး ခရီးသည် ၇၆ ဦးနှင့် လေယာဉ်ဝန်ထမ်း ၁၈ ဦး စုစုပေါင်း ၉၄ ဦးလိုက်ပါနိုင်ကြောင်း သိရသည်။

ထို လေယာဉ်အား ကာတာနိုင်ငံ စော်ဘွား Sheikh Tamim bin Hamad Al-Thani က လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပြီး အဆင့်မြင့် Panasonic လေယာဉ်တွင်း ဖျော်ဖြေရေးစနစ်၊ ကင်မရာအပြည့်အစုံနှင့် လုံခြုံရေးစနစ်များ တပ်ဆင်ထားသည်။

ဘိုးရင်း 747-8 လေယာဉ်သည် ယခင်က ကာတာနိုင်ငံ၏ တော်ဝင်မိသားစုနှင့် အစိုးရ အဆင့်မြင့်အရာရှိအတွက်သာ သီးသန့် ပြေးဆွဲပေးသည့် ပုဂ္ဂလိက ဗီအိုင်ပီ လေကြောင်းလိုင်းဖြစ်သော Qatar Amiri Flight အတွက် ဝန်ဆောင်မှုပေးခဲ့ခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.