Connect with us

Africa & Middle East

ဆော်ဒီအာရေးဘီးယား နိုင်ငံက ဘင်လာဒင်၏သားအားနိုင်ငံသားအဖြစ်မှပယ်ဖျက်

အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင်လာဒင် ၏သားဖြစ်သူ ဟမ်ဇာဘင်လာဒင် အားတွေ့ရစဉ် (ဆင်ဟွာ)

ရီယာ့ဒ်၊မတ်လ ၂ ရက်(ဆင်ဟွာ)

ဆော်ဒီအာရေးဘီးယားနိုင်ငံက အယ်လ်ကေးဒါးအကြမ်းဖက်အဖွဲ့ခေါင်းဆောင်ဟောင်း အိုစမာဘင် လာဒင် ၏သားဖြစ်သူ ဟမ်ဇာဘင်လာဒင် အား ဆော်ဒီအာရေးဘီးယားနိုင်ငံသားအဖြစ်မှပယ်ဖျက်ခဲ့ ကြောင်း အယ်လ်အာရေးဘီးယား ရုပ်မြင်သံကြားဌာနကပြောကြားခဲ့သည်။

ဆော်ဒီအာရေးဘီးယားနိုင်ငံပြည်ထဲရေးဝန်ကြီးဌာနက ဟမ်ဇာဘင်လာဒင် အားနိုင်ငံသားအဖြစ်မှပယ် ဖျက်ကြောင်းတော်ဝင်အမိန့်အားထုတ်ပြန်ကြေညာခဲ့သည်။အမေရိကန်ပြည်ထောင်စုကလည်း ဟမ်ဇာ ဘင်လာဒင် အားအစွန်းရောက်ဝါဒ ပေါ်ထွန်းလာမှုကိုဦးဆောင်သူတစ်ဦးအဖြစ်ပြောကြားခဲ့ပြီး ၎င်းနှင့် ပတ်သက်၍သတင်းပေးနိုင်သူအားအမေရိကန်ဒေါ်လာတစ်သန်းဆုချီးမြှင့်မည်ဟုကမ်းလှမ်းထားသည်။

ဟမ်ဇာဘင်လာဒင် သည်၎င်း၏မင်္ဂလာဆောင်အခမ်းအနားပြုလုပ်ခဲ့ရာဖြစ်သည်ဟုယူဆရသော အီရန် နိုင်ငံတွင် မိခင်ဖြစ်သူနှင့်အတူနှစ်ပေါင်းများစွာနေထိုင်ခဲ့ပြီး ယခုထိဆက်လက်နေထိုင်နေသည်ဟု သံသယရှိရကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.