Connect with us

Africa & Middle East

ဆော်ဒီ သတင်းထောက် ပျောက်ဆုံးမှုနှင့် ဆက်စပ်ကြောင်း သံသယရှိသူ ၈ ဦးကို တူရကီဖော်ထုတ်နိုင်ခဲ့


အန်ကာရာ၊ အောက်တိုဘာ ၁၁ ရက် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံသား သတင်းထောက် Jamal Khashoggi ပျောက်ဆုံးမှုနှင့် ဆက်စပ်ကြောင်း သံသယရှိသူ ၁၅ ဦးထဲမှ ၇ ဦးကို တူရကီနိုင်ငံက ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန Anadolu က အောက်တိုဘာလ ၁၀ ရက်တွင် သတင်းဖော်ပြခဲ့သည်။

အစ္စတန်ဘူမြို့ရှိ ကောင်စစ်ဝန်ရုံးအတွင်း၌ Khashoggi ရှိနေစဉ် ဆော်ဒီနိုင်ငံသား ၁၅ ဦးဝင်ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း သတင်းရင်းမြစ်၏ ပြောကြားချက်အား ကိုးကား၍ Anadolu က ဖော်ပြခဲ့သည်။

အရာရှိများစွာ အပါအဝင် သံသယရှိသူ ဆော်ဒီနိုင်ငံသား ၈ ဦး၏ အသေးစိတ်အချက်အလက်အား တူရကီရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။

တူရကီနိုင်ငံ အစ္စတန်ဘူမြို့ရှိ ဆော်ဒီအာရေဗျ ကောင်စစ်ဝန်ရုံးနှင့် ရုံးရှေ့တွင် စောင့်ဆိုင်းနေသည့် သတင်းထောက်များအား တွေ့ရစဉ် (ဆင်ဟွာ)

ဆော်ဒီနိုင်ငံသား ၁၅ ဦးက ကိုယ်ပိုင်လေယာဉ်ဖြင့်ရောက်ရှိလာပုံနှင့် ဟိုတယ်သို့ ထွက်ခွာသွားပုံများအား နိုင်ငံပိုင် အသံလွှင့်ဌာန TRT က ထုတ်လွှင့်ပြခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံသား သတင်းထောက်သည် တူရကီအမျိုးသမီးတစ်ဦးနှင့် ပြန်လည်လက်ထပ်ရန်အတွက် အထောက်အထားများ ရယူရန် အောက်တိုဘာလ ၂ ရက်က ဆော်ဒီကောင်စစ်ဝန်ရုံးသို့ လာရောက်ပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း သိရသည်။

အတည်မပြုနိုင်သေးသည့် သတင်းများအရ Khashoggi သည် အဆိုပါ အဆောက်အအုံဝင်းအတွင်း၌ အသတ်ခံခဲ့ရဟန်ရှိကြောင်း၊ ဆော်ဒီတာဝန်ရှိသူများကမူ ယင်းအချက်သည် “အခြေအမြစ်မရှိကြောင်း” ငြင်းပယ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.