Connect with us

Africa & Middle East

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီ တွင် ကာလဝမ်းရောဂါကြောင့် သေဆုံးသူ ၂၁ ဦး ရှိ


ဟာရာရီ ၊ စက်တင်ဘာ ၁၃ ရက်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ မြို့တော် ဟာရာရီတွင် ကာလဝမ်းရောဂါကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း အထိဆိုလျှင် သေဆုံးသူ ၂၁ ဦး ရှိပြီဖြစ်သလို လူပေါင်း ၃,၀၀၀ ကျော် ဆေးရုံတွင် ဆေးကုသမှုခံယူနေရကြောင်း ဇင်ဘာဘွေနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်သည့်ကြေညာချက်ထဲ၌ ဖော်ပြထားသည်။ ရောဂါပြန့်ပွားမှုကို ကာကွယ်ရန် ရဲတပ်ဖွဲ့က ဟာရာရီတွင် လူသူစုဝေးသည့်ပွဲများမပြုလုပ်ရန် တားမြစ်ထားကြောင်း သိရသည်။

ထိုမတိုင်မီ ဇင်ဘာဘွေအစိုးရက ဟာရာရီကို အရေးပေါ်အခြေအနေအဖြစ်ကြေညာထားသည်။ အစိုးရအနေဖြင့် ရောဂါဖြစ်ပွားသူအများအပြားကို ထိရောက်သော ဆေးကုသမှုများရရှိအောင် စီစဉ်နေသလို ရောဂါပြန့်ပွားမှုကို ကာကွယ်တားဆီးရန် ရောဂါအဖြစ်များသည့်နေရာများတွင် သားစိမ်းငါးစိမ်းရောင်းချမှုများ မပြုရန်နှင့်စာသင်ကျောင်းများကို ယာယီပိတ်ထားရန် ဆောင်ရွက် နေသည်ဟု ကျန်းမာရေးဝန်ကြီး Obadiah Moyoက စက်တင်ဘာ ၁၁ ရက်တွင် မီဒီယာများကို ပြောကြားခဲ့သည်။ ထိုအပြင် သက်ဆိုင်ရာဌာနနှင့်ကုမ္ပဏီများကိုလည်း ရောဂါအဖြစ်များသည့်နေရာရှိ ပြည်သူများ၏ သောက်သုံးရေလုံခြုံမှုကို ကူညီပေးရန်တောင်းဆိုထားကြောင်းသိရသည်။

ဇင်ဘာဘွေနိုင်ငံ ဟာရာရီတွင် ကာလဝမ်းရောဂါဖြစ်ပွားသူများအား ဆေးကုသမှုများ ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ ဟာရာရီတွင် ကာလဝမ်းရောဂါဖြစ်ပွားသူများအား ဆေးကုသမှုများ ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ ဟာရာရီတွင် ကာလဝမ်းရောဂါဖြစ်ပွားသူများအား ဆေးကုသမှုများ ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ဇင်ဘာဘွေနိုင်ငံ ဟာရာရီတွင် ကာလဝမ်းရောဂါဖြစ်ပွားသူများအား ဆေးကုသမှုများ ပြုလုပ်ပေးနေစဉ်(ဆင်ဟွာ)

ယခုဖြစ်ပွားသည့်ကာလဝမ်းရောဂါမှာ စက်တင်ဘာလ လဆန်းပိုင်းက စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၊ ရောဂါဖြစ်ပွားသူအများစုမှာ ဟာရာရီ အနောက်တောင်ပိုင်းဆင်ခြေဖုံးရှိ လူနေထူထပ်သည့်နေရာမှ လာခြင်းဖြစ်ကြောင်း သိရသည်။ ရောဂါဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ ရေဆင်းပိုက်လိုင်း ပေါက်ပြီး ရောဂါပိုးပါသည့် ရေဆိုးရေညစ်များက အနီးအနားရှိ မြေအောက်ရေနှင့် တွင်းရေသို့ စိမ့်ဝင်ခဲ့ ခြင်းကြောင့်ဖြစ်သည်ဟု သက်ဆိုင်ရာဌာနများက ဆိုသည်။ ၎င်းဒေသတွင် ရေပြတ်တောက်မှု များ မကြာခဏဖြစ်ပွားသောကြောင့် ဒေသခံများက မြေအောက်ရေနှင့်တွင်းရေများကို အသုံးပြုရလေ့ရှိ ကြောင်း ၊ထိုမှတစ်ဆင့်ရောဂါ လျှင်မြန်စွာပြန့်နှံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇင်ဘာဘွေတွင် ၂၀၀၈ ခုနှစ်က ကာလဝမ်းရောဂါ အဆိုးဝါးဆုံးဖြစ်ပွားခဲ့ပြီး လူပေါင်း ၄,၀၀၀ ကျော် သေဆုံးခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.