Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ဦးအား လစ်ဗျားရေတပ်က ကယ်ဆယ်


ထရီပိုလီ ၊ ဇွန် ၂၅ ရက်(ဆင်ဟွာ)

လစ်ဗျားရေတပ်က ဇွန် ၂၄ ရက်တွင် လစ်ဗျားနိုင်ငံအနောက်ပင်လယ်ပြင်၌ကယ်ဆယ်ရေးနှစ်ကြိမ် ပြုလုပ်ခဲ့ပြီး စုစုပေါင်း တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၄၅၈ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။

ကမ်းခြေလုံခြုံရေးကင်းလှည့်တပ်ဖွဲ့က ထရီပိုလီ အရှေ့ဘက် ၁၂၀ ကီလိုမီတာအကွာ Al-Khomsအနီး ပင်လယ်ပြင်ရှိ ရော်ဘာရေယာဉ်နှစ်စီးပေါ်တွင်လိုက်ပါလာသည့် ရွှေ့ပြောင်းနေထိုင်သူ ၃၆၁ ဦးအား ကယ်ဆယ်ခဲ့ကြောင်း၊ ထို့အပြင် ထရီပိုလီ အရှေ့ဘက် ၁၅၀ ကီလိုမီတာအကွာရှိ Zlitan မြို့ အနီး ပင်လယ်ပြင်တွင် ရော်ဘာရေယာဉ်တစ်စီးပေါ်တွင်လိုက်ပါသူ ၉၇ ဦးကို ကယ်ဆယ်ခဲ့ကြောင်း လစ်ဗျား ရေတပ် ပြောရေးဆိုခွင့်ရှိသူ Ayob Qassemက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

လစ်ဗျားရေတပ်က ကယ်ဆယ်ထားသော ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ )

လစ်ဗျားရေတပ်က ကယ်ဆယ်ထားသော ရွှေ့ပြောင်းနေထိုင်သူများအား တွေ့ရစဉ်(ဆင်ဟွာ )

ရွှေ့ပြောင်းနေထိုင်သူများမှာ အာဖရိကနိုင်ငံများမှလာခြင်းဖြစ်ကြောင်း ၊၎င်းတို့အား ထရီပိုလီ ရေတပ် စခန်းမှတဆင့် ထိန်းသိမ်းရေးစခန်းတစ်ခုသို့ပို့ဆောင်ခဲ့ကြောင်း Ayob Qassemက ဆိုသည်။

၂၀၁၁ ခုနှစ်မှစ၍ လစ်ဗျား နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်ခဲ့ရာ အစိုးရက ပင်လယ်ကမ်းရိုးတန်း နှင့် ကုန်းမြေနယ်စပ်တစ်လျှောက်တွင် ထိရောက်သော စီမံခန့်ခွဲမှုများမပြုလုပ်နိုင်သောကြောင့် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများက လစ်ဗျားသို့ လာရောက်ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် မြေထဲပင်လယ်ကို ဖြတ်ကာ ဥရောပနိုင်ငံများသို့ သွားရောက်ကြခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)