Connect with us

Videos

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများအရေး ဖြေရှင်းရာတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဥရောပသမဂ္ဂ ၉ နိုင်ငံခေါင်းဆောင်များက တိုက်တွန်း

ဗလက်ဒါ၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ အရေး ဖြေရှင်းရာတွင် ဥရောပသမဂ္ဂ (EU) အနေဖြင့် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် မြေထဲပင်လယ်ဒေသ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၉ နိုင်ငံခေါင်းဆောင်များက စက်တင်ဘာ ၂၉ ရက် မော်လ်တာနိုင်ငံတွင် ကျင်းပသည့် အစည်းအဝေး၌ တိုက်တွန်း ပြောကြားခဲ့သည်။အဆိုပါ ၉ နိုင်ငံမှာ မော်လ်တာ၊ ခရိုအေးရှား၊ ဆိုက်ပရပ်စ်၊ ပြင်သစ်၊ ဂရိ၊ အီတလီ၊ ပေါ်တူဂီ၊ ဆလိုဗေးနီးယားနှင့် စပိန်တို့ ဖြစ်ပြီး ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen ၊ ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michel တို့က အစည်းအဝေး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ အများအပြားကို လက်ခံသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ လိုအပ်ချက်ကို အပြည့်အဝ ဖြည့်ဆည်းပေးရမည် ဖြစ်ပြီး ခိုလှုံခွင့် ငြင်းပယ်ခံရသူများနှင့် ဥရောပသမဂ္ဂတွင် ခေတ္တနေထိုင်ခွင့်မရသည့် တတိယနိုင်ငံမှ နိုင်ငံသားများ နေရပ်ပြန်ပို့မှုနှုန်းကို မြှင့်တင်ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အစည်းအဝေးအပြီး ၉ နိုင်ငံခေါင်းဆောင်များ၏ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။

မြေထဲပင်လယ်ဒေသရှိ အိမ်နီးချင်းနိုင်ငံများ၊ အာဖရိကတိုက်၊ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ၏ မူလနိုင်ငံနှင့် ဖြတ်သန်းရာနိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းအောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကြေညာချက်တွင် အလေးထား ဖော်ပြခဲ့သည်။

မြေထဲပင်လယ်ဒေသ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများ အစုလိုက်အပြုံလိုက်ဝင်ရောက်လာသည့် ပြဿနာကို ရင်ဆိုင်နေရကြောင်း ပြင်သစ်သမ္မတ မက်ခရွန်က အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် စည်းလုံးညီညွတ်စွာ ဖြေရှင်းကြရန်၊ အဖွဲ့အစည်းအတွင်း ဆောင်ရွက်မှုများကို ကောင်းမွန်အောင် ကြိုးပမ်း ပြုပြင်ကြရန်၊ အာဖရိကတိုက်နှင့် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေးကို မြှင့်တင်ရန် မက်ခရွန်က တိုက်တွန်းခဲ့သည်။

ယခုနှစ် ဇွန်လမှ ဩဂုတ်လအတွင်း မြေထဲပင်လယ်အလယ်ပိုင်းကို ဖြတ်သန်းရန် ကြိုးပမ်းမှုကြောင့် သေဆုံးသူ သို့မဟုတ် ပျောက်ဆုံးသူသည် ကလေးသူငယ်များအပါအဝင် အနည်းဆုံး လူပေါင်း ၉၉၀ ရှိကြောင်း ၊ ယင်းကိန်းဂဏန်းမှာ ပြီးခဲ့သည့်နှစ် နွေရာသီ အလားတူကာလ၏ ၃ ဆ ဖြစ်ပြီး လက်တွေ့တွင် ထိုအရေအတွက်ထက် ပို၍ များနိုင်ကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ စက်တင်ဘာ ၂၉ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)
…………………………………………….
欧盟9国领导人呼吁加强合作解决非法移民问题
新华社瓦莱塔9月29日电(记者陈文仙)地中海地区9个欧盟成员国领导人29日在马耳他举行会议,敦促欧盟加强合作解决非法移民问题。
这9国包括马耳他、克罗地亚、塞浦路斯、法国、希腊、意大利、葡萄牙、斯洛文尼亚和西班牙。欧盟委员会主席冯德莱恩、欧洲理事会主席米歇尔也出席了会议。
9国领导人在会后签署的联合声明中说,必须“充分满足”接收大量非法移民的欧盟国家的诉求,并呼吁采取措施提高被拒绝的寻求庇护者以及无权滞留在欧盟的第三国公民的遣送率。声明强调,需要与地中海地区的所有邻国、非洲大陆以及非法移民的主要原籍国和过境国进行更强有力合作。
法国总统马克龙在会后的发布会上表示,地中海地区的欧盟成员国正面临大量非法移民涌入问题。他呼吁欧盟成员国团结应对,欧盟必须努力改善内部运作,并加强与非洲大陆的合作与伙伴关系。
据联合国儿童基金会29日发布的数据,今年6月至8月,包括儿童在内至少990人在试图穿越地中海中部时死亡或失踪,这一数据是去年夏天同期的3倍,实际遇难人数可能远高于此。