Connect with us

Africa & Middle East

တူနီးရှား ကျန်းမာရေးဝန်ကြီး နှလုံးရောဂါဖြင့် ကွယ်လွန်

တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး စလင်းရှက်ကာ အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တူးနစ်၊ အောက်တိုဘာ ၉ ရက် (ဆင်ဟွာ)

တူနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး စလင်းရှက်ကာသည် နှလုံးရုတ်တရက်ဖောက်ပြန်မှု ဖြင့် အောက်တိုဘာ ၈ရက် တွင် ကွယ်လွန်ခဲ့ကြောင်း တူးနစ်မြို့ရှိ စစ်ဆေးရုံမှ ကျန်းမာရေးသတင်းရင်းမြစ်တစ်ခု က ပြောကြားခဲ့သည်။

စစ်ဆေးရုံ၏ နှလုံးအထူးကုဋ္ဌာနက အစွန်းကုန်ကုသပေးခဲ့သော်လည်း စလင်းရှက်ကာသည် ဝေဒနာကို မလွန်ဆန်နိုင်ဘဲ ကွယ်လွန်သွားခဲ့ကြောင်း သတင်းရင်းမြစ်ကပြောကြားခဲ့သည်။

ကျန်းမာရေးဝန်ကြီးသည် ရုတ်တရက်နှလုံးအမောဖောက်၍ သတိမလစ်သွားခင် တူးနစ်မြို့မှ ၆၀ကီလိုမီတာအကွာ ရှိ Nabeul မြို့၌ အောက်တိုဘာ ၈ရက်တွင် ပြုလုပ်သော အားကစားပွဲတစ်ခုသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

စလင်းရှက်ကာသည် ဝန်ကြီးအပြောင်းအရွှေ့ကာလတွင် တူနီးရှားအစိုးရခေါင်းဆောင်၏ ဆုံးဖြတ်ချက်ဖြင့် ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ခံရပြီး ၂၀၁၇ စက်တင်ဘာ လလယ်တွင် အတည်ပြုခန့်အပ်ခံရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.