Connect with us

Africa & Middle East

တောင်ဆူဒန်တွင် လက်နက်ကိုင်ဆန့်ကျင်ရေးသမားများက မွေးမြူရေးခြံတစ်ခုကို ဝင်ရောက်စီးနင်းရာ လူ ၁၆ ဦး သေဆုံး

လက်နက်ကိုင်များဝင်ရောက်တိုက်ခိုက်ခဲ့သည့် တောင်ဆူဒန်ရှိ ကျေးရွာတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

နိုင်ရိုဘီ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)

လက်နက်ကိုင်ဆန့်ကျင်ရေးသမားများက ဇွန်လ ၃၀ ရက်တွင် Upper Nileပြည်နယ်ရှိ မွေးမြူရေးခြံ တစ်ခုကို ဝင်ရောက်စီးနင်းခဲ့ရာ အရပ်သား ၁၆ ဦးသေဆုံးပြီး ၂၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း တောင်ဆူဒန် အစိုးရ စစ်ဘက် ပြောရေးဆိုခွင်ရှိသူက ဇူလိုင် ၁ ရက်တွင် ပြောကြားခဲ့သည်။

ယခင်ဒုတိယသမ္မတ Machar၏သစ္စာခံလက်နက်ကိုင်များက ဇွန်လ ၃၀ရက်တွင် Upper Nile ပြည်နယ် Mabanစီရင်စုရှိ မွေးမြူရေးခြံကို စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ တိုက်ခိုက်မှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး ၂၂ ဦး ဒဏ်ရာရရှိခဲ့သည့်အပြင် မွေးမြူထားသောကွဲျနွားတိရစ္ဆာန်များကိုလည်း လုယက် သွားကြောင်း တောင်ဆူဒန်အစိုးရ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Lul Ruai Koan က ဆင်ဟွာကို ပြောသည်။

သေဆုံးသူများအနက် ၃ ဦးမှာ Mabanစီရင်စုတွင်လာရောက်စီးပွားရေးလုပ်ကိုင်နေကြသည့် အီသီယိုးပီးယားနိုင်ငံသားများဖြစ်သည်ဟု ၎င်းက ဆိုသည်။

တောင်ဆူဒန် သမ္မတ Kiirနှင့် အဓိကဆန့်ကျင်ရေးအဖွဲ့ကိုယ်စားလှယ်များအကြား ဇွန်လ ၂၆ ရက်က ဆူဒန်နိုင်ငံမြို့တော်ခါတွန်တွင် တွေ့ဆုံဆွေးနွေးခဲ့ရာ Kiirနှင့်Machar နှစ်ဦးစလုံးက တောင်ဆူဒန် ပြည်တွင်း လက်နက်ကိုင်ပဋိပက္ခများကို ချုပ်ငြိမ်းသွားအောင် ကြိုးစားလုပ်ဆောင်ကာ ငြိမ်းချမ်းရေးကို အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဟု ဆိုကြောင်း သိရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းမှစ၍ တောင်ဆူဒန်သမ္မတ Kiirနှင့် ဒုတိယသမ္မတ Macharတို့အကြား အာဏာအငြင်းပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခများ တစ်နိုင်ငံလုံးတွင် ဖြစ်ပွားခဲ့ရာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဆိုးကျိုးများဖြစ်ပွားခဲ့သည်။ ၂၀၁၆ ခုနှစ် ဧပြီလတွင် နှစ်ဖက်အဖွဲ့ပူးပေါင်း ပြီး အမျိုးသားစည်းလုံးညီညွှတ်ရေးဆိုင်ရာ အသွင်ကူးပြောင်းရေးအစိုးရအဖွဲ့ ဖွဲ့စည်းခဲ့သော်လည်း နှစ်ဖက်စစ်ဘက်အကြား ထိုနှစ် ဇူလိုင်လတွင် ပဋိပက္ခများ အပြင်းအထန်ဖြစ်ပွားခဲ့ရာ Macharက မြို့တော် ဂျူးဘားမှ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ လက်ရှိ တောင်ဆူဒန်နယ်နမိတ်အတွင်းရှိ ဆန့်ကျင်ရေးလက်နက်ကိုင်များကို Macharက ပြည်ပမှ ထိန်းချုပ်နေခြင်းဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.