Connect with us

Africa & Middle East

နယ်စပ်ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းသည့် ပါလက်စတိုင်း ၂ဦးအား အစ္စရေးဖမ်းဆီး

အစ္စရေးနယ်စပ်တွင် ဆန္ဒပြမှုများ ပြုလုပ်နေသည့် ပါလက်စတိုင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ မေ ၂၉ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းခဲ့သည့် ပါလက်စတိုင်း ၂ဦးကို အစ္စရေးစစ်တပ်က မေ ၂၈ ရက်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။

အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ က နိုင်ငံ မြောက်ပိုင်း ဂါဇာကမ်းမြောင်ဒေသမှ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော စစ်သွေးကြွ ၂ဦးကို အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) တပ်ဖွဲ့ဝင်များ က ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ပြောကြားခဲ့သည်။

၎င်း က စစ်သွေးကြွများ နှင့်အတူ ဓါးများ၊ မီးလောင်စေသည့် ပစ္စည်းများ နှင့် ဖြတ်တောက်ရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သံသယရှိသူများအား ဖမ်းဆီးချိန်တွင် အစ္စရေးတပ်ဖွဲ့ဝင်များအား ဂါဇာကမ်းမြောင်ဒေသမှ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ပြောရေးဆိုခွင့်ရှိသူ၏ပြောကြားချက်အရ သိရသည်။

ယင်းတိုက်ခိုက်မှုများ တုံ့ပြန်သည့်အနေဖြင့် အစ္စရေးတင့်ကားတစ်စီးက နယ်စပ်ရှိ စစ်တပ်လေ့လာစောင့်ကြည့်ရေးစခန်းတစ်ခုသို့ ဦးတည်၍ ပြန်လည်ပစ်ခတ်ခဲ့ပြီး အစ္စရေးစစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

သံသယရှိသူများ သေဆုံးခြင်း ရှိ၊ မရှိ ကိုမူ ရှင်းလင်းစွာ သိရှိခြင်းမရှိသေးဘဲ ၎င်းတို့အား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန် Shin Bet လုံခြုံရေးဌာနသို့ ပို့ဆောင်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

မတ်လ ၃၀ ရက်က စတင်ခဲ့သော ဆန္ဒပြမှုများအတွင်း ပါလက်စတိုင်းနိုင်ငံသား ၁၁၀ဦးကျော် သေဆုံးခဲ့ပြီးနောက် ဂါဇာကမ်းမြောင်ဒေသ နှင့် အစ္စရေး အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ယင်းဖြစ်ရပ် ပေါ်ထွက်လာခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.