Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် ထောင်ဖောက်၍ အကျဉ်းသား ၂၀၀အထိ လွတ်မြောက်သွားခဲ့

နိုင်ဂျီးရီးယားနိုင်ငံ ရှိ အကျဉ်းထောင်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း နိုင်ဂျာပြည်နယ် မင်နာမြို့ရှိ အကျဉ်းထောင်တစ်ခုတွင် မေ ၃ ရက် က အနည်းဆုံး အကျဉ်းသား ၂၀၀ဦး ထောင်ဖောက်၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး Abdulrahman Dabazzau က ဇွန် ၄ ရက်တွင်ပြောကြားခဲ့သည်။

ဝန်ကြီးက ပြည်နယ်မြို့တော် မင်နာ၌ သတင်းထောက်များအား ပြန်လည်ဖြေကြားရာတွင် အကျဉ်းထောင်၌ စစ်ဆေးလေ့လာမှုများ ပြုလုပ်ပြီးနောက် အကျဉ်းသား ၃၀ဦးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ကြောင်းပြောကြာခဲ့သည်။

၎င်းက အကျဉ်းထောင်အတွင်း လူအင်အား၊ စည်းလုံးမှု ကဲ့သို့သော လုံခြုံရေးဆိုင်ရာ လစ်ဟာမှုများ ရှိနေကြောင်း ပြောကြားခဲ့သည်။

အကျဉ်းထောင် အုပ်ချုပ်ရေးမှူးချုပ် Jaafaru Ahmed က ထောင်ဖောက်မှုဖြစ်ပွားရခြင်းအကြောင်းရင်းကို သိရှိရန် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

အကျဉ်းထောင် အား တိုက်ခိုက်ခဲ့သော လက်နက်ကိုင် ဒုစရိုက်သမားများက ထောင်ဖောက်မှုအား လုပ်ဆောင်ခဲ့ပြီး ထောင်အတွင်းသို့ဝင်ရောက်လာကာ အကျဉ်းထောင် လုံခြုံရေးအဖွဲ့များ နှင့် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.