Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတွင် ယာဉ်မတော်တဆမှု ဖြစ်ပွားပြီး လူ ၆ ဦးသေဆုံး

နိုင်ဂျီးရီးယာနိုင်ငံတွင် ဆီတင်ကားတစ်စီး ယာဉ်မတော်တဆမှု ဖြစ်ပွားပြီးမီးလောင်နေစဉ်(ဆင်ဟွာ)

အဘူဂျာ၊စက်တင်ဘာ ၂၅ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Gombe ပြည်နယ်တွင် စက်တင်ဘာ ၂၄ ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာပြင်းထန် စွာရရှိခဲ့ကြောင်း သိရသည်။

အချင်းဖြစ်ပွားမှုတွင် စက်တင်ဘာ ၂၄ ရက် မနက်ပိုင်းက ဆောက်လုပ်ရေး ပစ္စည်းများ တင်ဆောင်လားသော ကုန်တင်ကားတစ်စီးက အဝေးပြေးလမ်းမပေါ်ရှိ ချဉ်းကပ်လမ်း တံတား ပေါ်တွင် အရှိန်မထိန်းနိုင်ဖြစ်ကာ အခြားယာဉ်များ၊သုံးဘီး၊ဆိုင်ကယ်များနှင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး လူ ၆ ဦးသေဆုံးကာ ၁၀ ဦး ထိခိုက်ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့ကြောင်း၊၎င်းဖြစ်ပွား မှုကို စစ်ဆေးခဲ့ရာတွင် ယင်းကုန်တင်ကားသည် မောင်းနှင်နေစဉ်အတွင်း ဘရိတ်ချွတ်ယွင်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း Gombe ပြည်နယ် ရဲတပ်ဖွဲ့ရုံး ဒုတိယအရာရှိ ၏ဆင်ဟွာသို့ ပြောကြားချက် အရသိရသည်။

နိုင်ဂျီးရီးယားနိုင်ငံတွင် ယာဉ်မတော်တဆ မှုများမကြာခဏ ဖြစ်ပွားလျက်ရှိပြီး ယင်းသည် လမ်းအခြေအနေဆိုးရွား မှုများရှိခြင်း သာမက ယာဉ်များဝန်ပို တင်ဆောင်ခြင်းနှင့်အရှိန်လွန်စွာ မောင်းနှင်ခြင်းတို့သည်ယာဉ်မတော်တဆဖြစ်ပွားမှု၏အဓိကအကြောင်းအရင်းဖြစ်ကြောင်းသိရသသည်။Nasarawa ပြည်နယ်တွင် ယခုလ ၁၅ ရက်က ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.