Connect with us

Africa & Middle East

နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့က ဘိုကိုဟာရမ် လက်နက်ကိုင် ၁၄ ဦးအား ပစ်ခတ်ရှင်းလင်း

နိုင်ဂျီးရီးယား လုံခြုံရေးတပ်ဖွဲ့ဝင်များအား တွေ့ရစဉ်(ဆင်ဟွာ)

အာဘူဂျာ ၊ စက်တင်ဘာ ၂၆ ရက်(ဆင်ဟွာ)

လွန်ခဲ့သည့် နှစ်ရက်က နိုင်ဂျီးရီးယားလုံခြုံရေးတပ်ဖွဲ့သည် အရှေ့မြောက်ပိုင်းဒေသတွင် နယ်မြေ ရှင်းလင်းရေးများလုပ်ဆောင်ခဲ့ရာ ဘိုကိုဟာရမ် လက်နက်ကိုင် ၁၄ ဦးအား ပစ်ခတ်ရှင်းလင်း နိုင်ခဲ့ပြီး ဓါးစာခံ ၁၄၆ ဦးအား အောင်မြင်စွာကယ်ဆယ်နိုင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Texas Chukwu က စက်တင်ဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

ယခုတစ်ကြိမ် စစ်ရေးလှုပ်ရှားမှုသည် နိုင်ဂျီးရီးယား နိုင်ငံ အရှေ့မြောက်ပိုင်းရှိ Borno ပြည်နယ် Gwozaဒေသတွင် စက်တင်ဘာ ၂၃ ရက်မှ ၂၄ ရက်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၊ ထိုသို့ လုပ်ဆောင်ရသည့် အဓိကရည်ရွယ်ချက်မှာ ၎င်းဒေသရှိ ဘိုကိုဟာရမ် တပ်ကျန်များကို ရှင်းလင်းရန် ဖြစ်ကြောင်း Texas Chukwu ၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ ယခုလှုပ်ရှားမှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ၊ ကယ်ဆယ်ထားသည့် ဓါးစာခံများကို နောက်ဆက်တွဲကိစ္စရပ်များ စီစဉ်ပေးနိုင်ရန် သက်ဆိုင်ရာဌာနများသို့ လွှဲပြောင်းပြီးဖြစ်ကြောင်း သိရသည်။

ဘိုကိုဟာရမ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့အစည်းကို ၂၀၀၄ ခုနှစ်ကစတင်တည်ထောင်ခဲ့ရာ ၎င်းအဖွဲ့မှာ နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းဒေသများတွင် လှုပ်ရှားမှုများရှိသလို တောင်ပိုင်း ဒေသ၏လုံခြုံရေးကိုလည်း အန္တရာယ်ပေးလျက်ရှိကြောင်း သိရသည်။ လွန်ခဲ့သော တစ်နှစ်ကျော် ကာလမှစ၍ နိုင်ဂျီး ယားအစိုးရစစ်တပ်က Borno ပြည်နယ်ရှိ ဘိုကိုဟာရမ်များကို စစ်ရေးတိုက်ခိုက်မှု များ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုလ ၆ ရက်နေ့က နိုင်ဂျီးရီးယား လုံခြုံရေးတပ်သည် Gwozaဒေသအနီးတဝိုက်တွင် ဘိုကိုဟာရမ် လက်နက်ကိုင် ၁၄ ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး ဓားစာခံ ၂၁ ဦးအား ကယ်ဆယ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.