Connect with us

Africa & Middle East

ပင်လယ်ကွေ့ပဋိပက္ခများ ရှိနေသည့် ကြားမှ ကာတာနိုင်ငံသို့ တူရကီ က ပထမဆုံး ထောက်ပံ့ရေးသင်္ဘော စေလွှတ်

တူရကီနိုင်ငံ စီးပွားရေးဝန်ကြီး Nihat Zeybekci အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ စီးပွားရေးဝန်ကြီး Nihat Zeybekci က ကာတာနိုင်ငံအပေါ် ပင်လယ်ကွေ့နိုင်ငံများ၏ ပိတ်ဆို့တားဆီးမှုဒဏ်ကို ကျော်ဖြတ်နိုင်ရန် ကာတာနိုင်ငံသို့ ထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ပေးမည့် ပထမဆုံး တူရကီသင်္ဘောတစ်စီးသည် ဇွန်လ ၂၁ ရက်တွင် ဆိပ်ကမ်းမှ ထွက်ခွာသွားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံပိုင် သတင်းဋ္ဌာနဖြစ်သည့် Anadolu သတင်းဋ္ဌာန နှင့် တွေ့ဆုံမေးမြန်းခန်း၌ Zeybekci က ဇွန်လ အစောပိုင်းတွင် ပင်လယ်ကွေ့နိုင်ငံများက ကာတာနိုင်ငံအပေါ် သံတမန်ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီးနောက် တူရကီနိုင်ငံ မှ ကုန်တင်လေယာဉ် ၁၀၅ စင်းနီးပါးဖြင့် ထောက်ပံ့ရေးပစ္စည်းများကို ကာတာနိုင်ငံသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

၎င်း က ဇွန်လ ၂၁ရက်တွင် ကုန်တင်သင်္ဘော စေလွှတ်ပြီးနောက် နောက်ထပ် သင်္ဘောများကိုလည်း ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း နှင့် တူရကီနိုင်ငံ သည် ကုန်းကြောင်း ဖြင့်လည်း ပစ္စည်းများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြည်နယ်ဆိုင်ရာ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် မွေးမြူရေး ညွှန်ကြားမှုဦးစီးဋ္ဌာန အကြီးအကဲ Yavus Ekici က တူရကီနိုင်ငံ မြို့တော် အန်ကာရာမြို့ မှ အပတ်စဉ် ပို့ဆောင်မြဲဖြစ်သည့် ဟင်းသီးဟင်းရွက်တင်ကုန်ကား ၃စီး သည် ကာတာနိုင်ငံသို့ သွားရာလမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

Hatay အကူအညီပေးရေးအဖွဲ့အစည်း ခေါင်းဆောင် Rahmi Vardi က အစ္စလာမ်ဘာသာဝင်တို့၏ ဥပုသ်လ အပြီးတွင် နောက်ထပ် အစားအစာတင် ကုန်ကား ၅စီး ကို တောင်ပိုင်း Hatay ပြည်နယ်မှ ကာတာနိုင်ငံသို့ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကာတာနိုင်ငံသည် အကြမ်းဖက်မှုအတွက် ရန်ပုံငွေ ပေးခြင်း၊ အကြမ်းဖက်သမားများအား လက်ခံထားခြင်း နှင့် အခြားနိုင်ငံများ၏ ပြည်တွင်းရေးများတွင် ဝင်ရောက်စွက်ဖက်သည်ဟူသော စွဲချက်များဖြင့် ဆော်ဒီအာရေဗျနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ဘာရိန်းနိုင်ငံ၊ အီဂျစ်နိုင်ငံ နှင့် အခြားနိုင်ငံ များ က ကာတာနိုင်ငံ နှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့ပြီး ရေကြောင်း၊ လေကြောင်း နှင့် ကုန်းကြောင်း ဆက်သွယ်မှုများကိုလည်း ဖြတ်တောက်ခဲ့သည့် ဇွန်လ ၅ ရက်တွင် ကာတာနိုင်ငံ သည် အကျပ်အတည်းများ နှင့် ကြုံတွေ့လာခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.