Connect with us

Africa & Middle East

အရှေ့အလယ်ပိုင်း စစ်ပွဲတွေကြားက လွတ်မြောက်သူတွေကို ဘယ်သူက ကယ်တင်ပေးမှာလဲ


ပေကျင်း၊ ဇွန် ၂၂ ရက် (ဆင်ဟွာ)

သူတို့ အနေနဲ့ စစ်ပွဲတွေကို ရှောင်လွှဲနိုင်ဖို့ ကိုယ့်ရဲ့ ကိုယ်ပိုင် ဘဝ နေအိမ်တွေကို စွန့်ခွာပြီး ဒုက္ခသည်ဘဝကို သူတို့ ခံယူခဲ့ကြရတယ်။ ကံကောင်းထောက်မစွာနဲ့ ရေခြားမြေခြား ဘေးကင်းရာသို့ ရောက်ရှိခဲ့ပေမဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု မတူညီခြင်းတွေဟာ သူတို့ကို သီးသန့် ဖြစ်စေခဲ့ပါတယ်။ သူတို့ကတော့ အရှေ့အလယ်ပိုင်းဒေသ၊ ပဋိပက္ခ စစ်ပွဲတွေကြားမှ ပြည်သူတွေ ဖြစ်ပါတယ်။

ဇွန်လ ၂၀ ရက်မှာ ကျရောက်တဲ့ ၁၇ ကြိမ်မြောက် ဒုက္ခသည်နေ့ အခါသမယမှာ ဆင်ဟွာ သတင်းထောက်က ဆီးရီးယား၊ အီရတ်၊ တူရကီ၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံမှာရှိတဲ့ နေအိမ်မဲ့ တစ်ဖြစ်လဲ ဒုက္ခသည်များထံ သွားရောက်ခဲ့ကာ အစားအစာ၊ သန့်ရှင်းသောရေ၊ ကျန်းမာရေး စောင့်ရှောက်မှု သို့မဟုတ် ရိုးရှင်းသော ဘဝရှင်သန်မှုတို့အတွက် သူတို့ရဲ့ အခက်အခဲတွေကို ကွင်းဆင်းလေ့လာခဲ့တယ်။

နိုင်ငံတကာသို့ ပျံ့နှံ့ ရောက်ရှိနေသည့် ဆီးရီးယား ဒုက္ခသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

လွတ်မြောက်ခြင်း နှင့် ဆင်းရဲဒုက္ခ

အသက် ၄၀ နှစ်အရွယ် ခါဒီဂျယ် ဂျေဒိုင်ယာနီဆိုတဲ့ အမျိုးသမီးက မိသားစုဝင် ငါးဦးရှိတဲ့ အိမ်ထောင်တစ်ခုရဲ့ အိမ်ထောင်ဦးစီးပါ။ မူလက သူတို့ဟာ ဒမတ်စကက်မြို့ အရှေ့ပိုင်း Eastern Couta ဒေသတွင် နေထိုင်ခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ အစိုးရနဲ့ သူပုန်တွေအကြား တိုက်ခိုက်ကြတဲ့ အချိန်၌ အိမ်မှ ထွက်ပြေးလွတ်မြောက်လာသူတွေ ဖြစ်ပါတယ်။

အခု လက်ရှိ သူတို့တွေဟာ ဒမတ်စကက် အရှေ့ဘက် အစွန်အဖျားဒေသရှိ စတုရန်းမီတာ ၂၀ အောက်သာသာရှိတဲ့ အခန်းလေး တစ်ခုထဲမှာ နေထိုင်ရပြီး ပရိဘောဂပစ္စည်းကတော့ နတ္တိပါပဲ။ တစ်မိသားစုလုံးမှာ ပိုင်ဆိုင်တာဆိုလို့ ဟောင်းနွမ်းနေတဲ့ သားရေ ခရီးဆောင်အိတ် တစ်လုံးသာပင်။

“သေနတ် ပစ်ခတ်မှုကြီးတွေအောက်က လွယ်လွယ်ကူကူနဲ့ လွတ်မြောက်လာခဲ့တာတော့ မဟုတ်ပါဘူး” ဟု ဂျေဒိုင်ယာနီက ဆင်ဟွာ သတင်းထောက်ကို ပြောပါတယ်။ ဂျေဒိုင်ယာနီ ထိုင်နေတဲ့ ချည်သား မွေ့ယာဟာ သူတို့ တစ်မိသားစုလုံးရဲ့ အိပ်ယာလို့ ဆိုပါတယ်။

ဆီးရီးယားမှာ ခြောက်နှစ်ကြာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် ဂျေဒိုင်ယာနီကဲ့သို့ ရွှေ့ပြောင်း ဒုက္ခသည်ပေါင်း ၆.၃ သန်းကျော်ရှိလာခဲ့ပြီး ငါးသန်းကျော်က အိမ်နီးချင်း နိုင်ငံများထံ ထွက်ပြေးခဲ့ကြပြီး ဒုက္ခသည်အဖြစ် ခံယူသွားခဲ့ပါတယ်။ ကုလသမဂ္ဂ စာရင်းတွေအရ ဆီးရီးယားမှ ဒုက္ခသည်တွေဟာ ကမ္ဘာပေါ်မှာ အကြီးဆုံး ဒုက္ခသည်ထုကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခြား တိုင်းပြည်တွေကို လွတ်မြောက်လာတဲ့ ဆီးရီးယား ဒုက္ခသည်တွေအတွက်ကလဲ ဒုက္ခမျိုးစုံ ခံစားနေရဆဲပါပဲ။

ဘယ်လ်ဂျီယံနိုင်ငံ Lieg မြို့မှာ လက်ရှိ နေထိုင်နေရတဲ့ ဆီးရီးယား ဒုက္ခသည် အသက်၂၇ နှစ်အရွယ် မာမွတ် ကက်ရက်ရှ်ကတော့ အေဂျီယံပင်လယ်က တစ်ဆင့် ဥရောပသို့ လှေဖြင့် ဝင်ရောက်ဖို့ နှစ်ကြိမ် ကြိုးစားခဲ့ရာမှာ ဒုတိယ အကြိမ်မှာ အောင်မြင်ခဲ့တာလို့ ဆိုပါတယ်။

“ပထမတစ်ကြိမ်က ပင်လယ်ထဲမှာ လှိုင်းပုတ်ဒဏ်ကြောင့် လှေမှောက်ခဲ့တယ်၊ လှေမှောက်တဲ့ အချိန်တုန်းကတော့ ကျွန်တော် တကယ် သေသွားပြီ ထင်တာ” ဟု ဆီးရီးယားနိုင်ငံ မြောက်ပိုင်း အလက်ပိုမြို့ရှိ အလယ်အလတ် မိသားစုမှ မွေးဖွားလာတဲ့ လူငယ် တစ်ဦး ဖြစ်တဲ့ မာမွတ် ကက်ရက်ရှ်က ပြောတယ်။

သူက ၂၀၁၅ ခုနှစ် သြဂုတ်လမှာ ဘယ်လ်ဂျီယံကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အေဂျီယံ ပင်လယ်မှ တစ်ဆင့် ဥရောပသို့ သွားတဲ့ လမ်းကြောင်းဟာ ဒုက္ခသည်တွေ အများဆုံး အသုံးပြုလေ့ရှိပါတယ်။ သို့သော် ထို လမ်းကြောင်းဟာ အန္တရာယ်တွေနဲ့ အပြည့်ပါပဲ။ တူရကီ ကမ်းရိုးတန်းစောင့် တပ်ဖွဲ့အဆိုအရ ယခုနှစ် ပထမ သုံးလအတွင်း တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည် ၁၇၃ ဦး ပင်လယ်အတွင်း ရေနစ် သေဆုံးခဲ့ကြောင်း၊ ပြီးခဲ့သည့် နှစ်က ဥရောပသို့ လာရောက်သည့် တရားမဝင် ရွှေ့ပြောင်း ဒုက္ခသည် ၅၀၀၀ ခန့် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ယခုလို သေဆုံးမှုတွေ ရှိနေသော်လည်းပဲ ဒုက္ခသည်ပေါင်း ၅၃,၀၀၀ ဦးဟာ ဒီလမ်းကြောင်းကိုပဲ အသုံးပြုပြီး ဥရောပကို ရောက်ရှိနေခဲ့ပါပြီ။ ဒီတော့ ဒီလို ကောင်းမွန်တဲ့ ဘဝသစ် တစ်ခုကို ရရှိဖို့ ဘာကို စောင့်နေရဦးမှာလဲ။

ပြင်သစ်နိုင်ငံ ပဲရစ်ကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေနဲ့ ဆင်ဟွာ သတင်းထောက်က မေးမြန်းခဲ့ရာတွင် သူတို့ဟာ ပြင်သစ် စကားရော အင်္ဂလိပ်စကားရော မပြောတတ်ဘဲ အာရပ်စကားကိုသာ ပြောဆိုနိုင်ပြီး ဆင်းဆင်းရဲရဲ နေကြရတယ်လို့ သိရပါတယ်။ ဘာသာစကား မပေါက်ရောက်မှုဟာ ဒုက္ခသည်များစွာအတွက် ခက်ခဲမှုများစွာ ဖြစ်စေခဲ့တယ်လို့ ပြင်သစ် ဒုက္ခသည် ကာကွယ်ရေး အေဂျင်စီတွေက ပြောပါတယ်။

နိုင်ငံတကာသို့ ပျံ့နှံ့ ရောက်ရှိနေသည့် ဆီးရီးယား ဒုက္ခသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ပဋိပက္ခရဲ့ အရင်းအမြစ်

စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေး အဖွဲ့အစည်း (OECD) က နောက်ဆုံး ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ ကမ္ဘာတစ်ဝန်းရှိ ဒုက္ခသည် ၅၀ ရာခိုင်နှုန်းဟာ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ ဆိုမာလီ စတဲ့ နိုင်ငံတွေက ဖြစ်တယ်လို့ သိရပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေနဲ့ အကြမ်းဖက် ခြိမ်းခြောက်မှုတွေက နိုင်ငံစွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် များပြားလာရခြင်းရဲ့ အဓိက အရင်းခံ ဖြစ်ကြောင်း အစီရင်ခံစာက ဆိုတယ်။

အီရတ်၊ ဆီးရီးယား၊ အာဖဂန်နစ္စတန်နဲ့ လစ်ဗျား နိုင်ငံတွေလို အမေရိကန်နဲ့ အခြား အနောက်နိုင်ငံတွေက ကြားဝင်စွက်ဖက်ခဲ့တဲ့ နိုင်ငံများမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်ခဲ့ပြီး နိုင်ငံအတွင်းက အတင်းအကျပ် ထွက်ပြေးခဲ့ရမှုတွေ ဖြစ်စေခဲ့ပါတယ်။

ဗြိတိန်မှ The Independent သတင်းစာ၏ အကြီးတန်း စာရေးဆရာ ပတ်ထရစ် ကော့ဘန်းက ပြည်တွင်းရေး၊ ဒေသတွင်းအရေးနဲ့ ကမ္ဘာ့လုံးဆိုင်ရာ ထိပ်တိုက် ရင်ဆိုင်မှုများက ကိုင်တွယ်ရန် ခက်ခဲစေတဲ့ ဆီးရီးယား ပဋိပက္ခနှင့် ဒုက္ခသည် ပဋိပက္ခတွေ ဖြစ်ပွားစေတဲ့ အကြောင်းရင်းဖြစ်တယ်လို့ ယုံကြည်ကြောင်း ရေးသားထားတယ်။

ဘက်ဂဒက် တက္ကသိုလ် စီးပွားရေး ပါမောက္ခ ဇေယတ်ဂျူဘူရီက ၎င်း၏ အမြင်ကို ပြောကြားရာတွင် ၂၀၀၃ ခုနှစ်မှာ အီရတ် အရေးမှာ အမေရိကန် ပါဝင်လာခဲ့ပြီး ဆက်ဒမ်ဟူစိန် အစိုးရကို ဖြုတ်ချခဲ့တယ်။ အဲ့ဒီနောက်ပိုင်း အီရတ် လူမှုရေးစနစ် ပျက်ယွင်းခဲ့ရသလို နိုင်ငံတစ်ခုလုံးလဲ ကသောင်းကနင်းဖြစ်ခြင်း၊ ပဋိပက္ခဖြစ်ခြင်းနဲ့ အကြမ်းဖက်ဝါဒ ပျံ့နှံ့ခြင်း အခြေအနေတွေကို ဖန်တီးပေးလိုက်သလို ဖြစ်သွားတယ်လို့ ဆိုပါတယ်။

ခေါင်းလောင်းထိုးသံ ဘယ်သူ့အတွက်လဲ

ဒုက္ခသည် ပဋိပက္ခ ခေါင်းလောင်းထိုးသံ ကျယ်လောင်လာခြင်းဟာ ဒုက္ခသည်တွေ အတွက်သာ မဟုတ်ခဲ့ပါဘူး။ ဗြိတိသျှ ကဗျာဆရာ John Donne ၏ ရာစုနှစ်အကြာက ရေးသားခဲ့သည့် “No man is an island” ကဗျာထဲကအတိုင်း ဒုက္ခသည်တွေရဲ့ အခက်အခဲ ပုံရိပ်များကို ကမ္ဘာတစ်ဝန်း လူ့အသိုင်းအဝိုင်းက ခံစားခဲ့ရပါတယ်။

ပဋိပက္ခတွေကြားထဲက ဒုက္ခသည်တွေကို ကယ်တင်ခဲ့ခြင်းဟာ နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဘုံ တာဝန်ယူမှု တာဝန်သိမှု ရှိသင့်တယ်လို့ ဆိုပါတယ်။

ဂျော်ဒန်ရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (UNHCR) ရုံးမှ တာဝန်ရှိသူများက ဒုက္ခသည်တွေ အတွက် အစားအသောက်၊ သောက်သုံးရေ၊ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်း စတာတွေ ကြီးကြီးမားမား လိုအပ်နေပေမဲ့ ဒီပြဿနာတွေကို ဖြေရှင်းဖို့က ရန်ပုံငွေ မရှိဘူးလို့ ဆိုပါတယ်။

ကပ်ဘေးများနှင့် ပဋိပက္ခများ ကြာရှည် တည်မြဲနေခြင်းက လူသားချင်းစာနာထောက်ထားမှု ကူညီပေးတဲ့ အဖွဲ့အစည်းတွေအတွက် ဝန်ထုပ်ဝန်ပိုးသစ်များ ဖြစ်စေကြောင်း၊ ဒုက္ခသည်တွေအတွက် ဘဝနေထိုင်ရေး တိုးတက်စေဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ပစ္စည်းကိရိယာများ၊ စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု ကူညီပေး တိုက်တွန်းထားပါတယ်။

OECD ၏ ဒုက္ခသည်အရေး ကျွမ်းကျင်သူ ဒေးဗစ်ခိုရ်ဒိုရ်က ဒုက္ခသည်တွေကို လက်ခံထားတဲ့ နိုင်ငံတွေ အနေနဲ့ကလည်း လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ ရေရှည် အစီအစဉ် မရှိကြဘူး ဖြစ်နေတယ်လို့ ဆင်ဟွာကို ပြောပါတယ်။

ဂျော်ဒန်၊ တူရကီနဲ့ ဆီးရီးယား ဒုက္ခသည်စခန်းမှာ ရှိတဲ့ ကလေးတွေဟာ ကျောင်းမတက်နိုင်ကြဘဲ ကာလရှည် ပြဿနာတွေကို ဖြစ်လာစေနိုင်သော “စွန့်လွှတ် ဆုံးရှုံးရတော့မဲ့ မျိုးဆက် တစ်ခု” ဖြစ်ကြောင်း ခိုရ်ဒိုရ်က ပြောတယ်။

၎င်းက ဆက်၍ “ဒီဒုက္ခသည်တွေဟာ ဆီးရီးယားကို ပြန်သွားနိုင်ပါ့မလားလို့ ကျွန်တော် မပြောနိုင်ဘူး၊ သူတို့ ဘယ်တော့မှ ပြန်မသွားနိုင်တာလဲ ဖြစ်နိုင်တာပဲ၊ ဒီတော့ ရောက်ရှိနေတဲ့ အိမ်ရှင်နိုင်ငံရဲ့ လူမှု အသိုက်အဝန်းထဲမှာ ပေါင်းစည်း ပါဝင်နိုင်ဖို့ သူတို့ ကိုယ်တိုင် ကြိုးစားရမှာပဲ” လို့ သုံးသပ်ချက် ပေးပါတယ်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117