Connect with us

Africa & Middle East

ပါကစ္စတန် တွင် အသေခံဗုံးပေါက်ကွဲမှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦးသေဆုံး

ပါကစ္စတန်နိုင်ငံ ရှိ လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စလာမ်မာဘတ်၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း Balochistan ပြည်နယ် တွင် ဇွန် ၄ရက် ညနေပိုင်းက အသေခံဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လုံခြုံရေးတပ်ဖွဲ့ဝင် ၃ဦး သေဆုံးခဲ့ပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။

ပြည်တွင်းရုပ်သံလိုင်း Urdu Channel Dunya TV က Balochistan ပြည်နယ် မြို့တော် Quetta မြို့ မှ ၄၃ကီလိုမီတာအကွာ Mastung ခရိုင် ရှိ နယ်စပ် အရန်တပ်ဖွဲ့ (FC) ၏ လုံခြုံရေးဂိတ်တစ်ခုကို အသေခံဗုံးခွဲသမား ၂ဦးက တိုက်ခိုက်ခဲ့ကြောင်း လုံခြုံရေးသတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။

လုံခြုံရေးသတင်းရင်းမြစ်များ၏ ပြောကြားချက်အရ FC တပ်ဖွဲ့ဝင်တစ်ဦးက အသေခံဗုံးခွဲသမားတစ်ဦးအား ပစ်သတ်နိုင်ခဲ့သော်လည်း ဒုတိယမြောက်အသေခံဗုံးခွဲသမား သည် ဖောက်ခွဲမှုပြုလုပ်ခဲ့၍ အခင်းဖြစ်ပွားရာ၌ပင် လူ ၃ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အခင်းဖြစ်ပွားရာသို့ ရဲတပ်ဖွဲ့၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အလျင်အမြန်ရောက်ရှိလာပြီး ရုပ်အလောင်းများကို ဖယ်ရှားကာ ဒဏ်ရာရရှိသူများကို ခရိုင်အတွင်းရှိ Ghous Bakhsh ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များ သည် အဆိုပါ ဧရိယာအား အတားအဆီးများ ချထားခဲ့ပြီး ပတ်ဝန်းကျင်၌ စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိခြင်းမရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.