Connect with us

Africa & Middle East

ဖာရောဘုရင်၏ ထူးခြားသော ဂူသင်္ချ ိုင်း ဥယျာဉ်တော်ကို အီဂျစ်နိုင်ငံ Luxor မြို့တွင် တူးဖော်တွေ့ရှိ


ကိုင်ရို၊ မေ ၄ ရက် (ဆင်ဟွာ)

နှစ်ပေါင်း ၄၀၀၀ နီးပါးရှိပြီဖြစ်သော ဖာရောဘုရင်၏ ဂူသင်္ချ ိုင်း ဥယျာဉ်တော်ကို အီဂျစ်နိုင်ငံ Luxor မြို့ အထက်ပိုင်း စပိန် ရှေးဟောင်းသုတေသနလုပ်ငန်းခွင်နေရာ၌ တူးဖော်တွေ့ရှိခဲ့ကြောင်း အီဂျစ် ရှေးဟောင်း ဝန်ကြီးဋ္ဌာနက မေလ ၃ ရက်တွင် ကြေညာလိုက်သည်။

အဆိုပါ ဂူသင်္ချ ိုင်း ဥယျာဉ်တော်မှာ Draa Abul Nagaa ရှေးဟောင်းသင်္ချ ိုင်းအတွင်း တည်ရှိပြီး နှစ်ပေါင်း ၄,၀၀၀ ခန့်အကြာက ရှေးဟောင်း အီဂျစ်မင်းဆက် အလယ်ခေတ်က ကျောက်ဂူသင်္ချ ိုင်း၏ ပွင့်နေသော တံတိုင်း၌ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဥယျာဉ်တော်၏ အရွယ်အစားမှာ အလျား ၃ မီတာနှင့် အနံ ၂ မီတာရှိပြီး အကျယ် ၃၀ စင်တီမီတာရှိသော စတုရန်းများဖြင့် ပိုင်းခြားထားကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ယခုလို တွေ့ရှိမှုသည် အမှတ်သင်္ကေတ တစ်ခု ဖြစ်သလို ဂူင်္ချ ိုင်း သမိုင်းတွင် အခန်းကဏ္ဍ တစ်ခုအနေဖြင့် ပါဝင်မည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောကြားခဲ့သည်။

အီဂျစ်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဖာရောဘုရင်၏ ထူးခြားသော ဂူသင်္ချ ိုင်း ဥယျာဉ်တော်အား တွေ့ရစဉ် (ဆင်ဟွာ)

စပိန် ရှေးဟောင်းသုတေသနလုပ်ငန်းသည် Luxor အနောက်ဘက်ကမ်းတွင် တည်ရှိသည့် ၁၈ ရာစု အစောပိုင်း မင်းဆက် Djehuty နှင့် Hery (BCE ၁၅၀၀ မှ ၁၄၅၀ ဝန်းကျင်) ၏ ကျောက်ဂူသချိ ၤုင်းတော်များ တည်ရှိခဲ့သော Draa Abul Naga တွင် သုတေသနပြုနေသည်မှာ ၁၆ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။

ရှေးအကျဆုံး ယဉ်ကျေးမှု ဖြစ်သည့်အားလျော်စွာ အီဂျစ်နိုင်ငံသည် ရှေးဟောင်း အမွေအနှစ် ထိန်းသိမ်းရေးအား အပြင်းအထန် လုပ်ဆောင်နေခဲ့သည်။

အီဂျစ်နိုင်ငံသည် လွန်ခဲ့သော နှစ်အနည်းငယ်က နိုင်ငံရေး မတည်ငြိမ်မှုနှင့် လုံခြုံရေးကိစ္စများကြောင့် ထိခိုက်ခဲ့သည့် ခရီးသွားလုပ်ငန်းကဏ္ဍ ပြန်လည် ကောင်းမွန်လာစေရန် ကြိုးပမ်းသည့်အနေဖြင့် ဖာရော၏ ရှေးဟောင်း သုတေသနဆိုင်ရာ လျှို့ဝှက်ချက်များနှင့် နိုင်ငံအတွင်းရှိ အခြား ရှေးဟောင်း ယဉ်ကျေးမှုများကို ဖော်ထုတ်ရန် စိတ်ဝင်စားလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.