Connect with us

Africa & Middle East

ဆိုမာလီယာ နိုင်ငံ တွင် ကာလဝမ်းရောဂါ ကြောင့် သေဆုံးသူ ၆၁၈ ဦး အထိ ရောက်ရှိလာ

ဆိုမာလီယာ နိုင်ငံ ဆေးရုံ တစ်ခု တွင် ကာလဝမ်းရောဂါ ကုသမှု ခံယူနေသော လူနာများအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ရိုဘီ ၊ မေ ၅ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု ညှိနှိုင်းဆောင်ရွက်မှုရုံး မှ မေလ ၄ ရက်နေ့က ဆိုမာလီယာ ၌် ထုတ်ပြန်ခဲ့သည့် သတင်းကြေညာချက်တွင် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်၍ ဆိုမာလီယာ နိုင်ငံ တွင် ကာလဝမ်းရောဂါ ကူးဆက်ခံရသူပေါင်း ၃၂,၀၀၀ ဦးရှိခဲ့ပြီး သေဆုံးသူ ၆၁၈ ဦးရှိခဲ့ကြောင်း ပါဝင်ခဲ့သည်။

ထုတ်ပြန်ချက်တွင် ဆိုမာလီယာ နိုင်ငံ ရှိ ပြည်နယ်ပေါင်း ၁၈ ခုအနက် ၁၃ ခုတွင် ကာလဝမ်းရောဂါ ဖြစ်ပွားခဲ့ကြောင်း ၊ ကာလဝမ်းရောဂါ အကြီးအကျယ် ဖြစ်ပွားရသည့် အကြောင်းရင်း မှာ မိုးခေါင်ရေရှားမှုကြောင့် မကောင်းမွန်သည့် သောက်သုံးရေ ကိုသာ ရရှိခြင်း နှင့် ကျန်းမာရေး အခြေအနေ မကောင်းမွန်သောကြောင့် ဖြစ်ကြောင်း ၊ ငတ်မွတ်မှုကြောင့် ဖြစ်ပွားခဲ့သည့် အတိုင်းအတာ ကြီးမားသော လူထု ရွေ့လျားမှုသည်လည်း ရောဂါပိုး ပျံနှံစေခဲ့သည့် အကြောင်းရင်း ဖြစ်ကြောင်း ၊ မိုးရာသီ သို့ရောက်ရှိလာပါက ကာလဝမ်းရောဂါ ဆက်လက်၍ ပြန့်ပွားလာနိုင်ကြောင်း ပါဝင် ခဲ့သည်။

ကာလဝမ်းရောဂါ ဆိုသည် မှာ ကာလဝမ်းရောဂါ ပိုးကြောင်း ဖြစ်ပွားသည့် အူလမ်းကြောင်း ရောဂါကူးဆက်မှု ဖြစ်ပြီး ရောဂါ ဝေဒနာ ခံစားရသူများအနေဖြင့် မကြာခဏ အံခြင်း ၊ ဝမ်းပျက်ခြင်း ၊ ရေဓာတ်လျော့နည်းခြင်း နှင့် ကိုယ်ပူချိန်တက်ခြင်းသို့ ဖြစ်ပွား စေပြီး အခြေအနေ ဆိုးရွားပါက အချိန်မီ မကုသ နိုင်လျင် အသက်ဆုံးရှုံးစေနိုင်သော ရောဂါ ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.