Connect with us

Africa & Middle East

အီရန် ကျောက်မီးသွေးတွင်း ပေါက်ကွဲမှု သေဆုံးသူ ၃၅ဦးအထိမြင့်တက်လာ

ပေါက်ကွဲမှုဖြစ်ပွားခဲ့သည့် အီရန်နိုင်ငံမှ ကျောက်မီးသွေး မိုင်းတွင်းသို့ ကယ်ဆယ်ရေးများရောက်ရှိလာစဉ် (ဆင်ဟွာ)

တီဟီရန်၊ မေ ၄ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ မြောက်ပိုင်း Golestan ပြည်နယ်တွင် မေ ၃ ရက်က ကျောက်မီးသွေးတွင်း တစ်ခု၌ ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လူ ၃၅ဦးထက်မနည်းသေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ သမဝါယမ၊ အလုပ်သမား နှင့် လူမှုဖူလှုံရေးဝန်ကြီး Ali Rabiei ၏ ပြောကြားချက်ကို ကိုးကား၍ Tasnim သတင်းဋ္ဌာနက မေ ၄ ရက် တွင်ဖော်ပြခဲ့သည်။

ပေါက်ကွဲမှုသည် Azadshahr မြို့အနီးရှိ Zemestan Yourt မိုင်းတွင်း ၌ ဒေသစံတော်ချိန် နေ့လည် ၁၂း၄၅နာရီ က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းဖော်ပြချက်များအရ ပေါက်ကွဲမှုကြောင့် မိုင်းတွင်းအလုပ်သမား ၅၀ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ၎င်းတို့အနက် ၃၀ဦးကျော်ကို နီးစပ်ရာဆေးရုံများသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

The Fars သတင်းဋ္ဌာန က ဓါတ်ငွေ့များနှင့် ပြည့်နေသည့် နှစ်ကီလိုမီတာ ရှည်လျားသော လိုဏ်ခေါင်းအတွင်း အလုပ်သမား ၅၀ကျော်ပိတ်မိနေကြောင်း အစောပိုင်းကာလများက ဖော်ပြခဲ့သည်။

သတင်းဋ္ဌာန က အဆိုပါ မိုင်းတွင်း ၌ အလုပ်သမား ၅၀၀ဦး အလုပ်လုပ်နေပြီး အလုပ်ချိန် လဲလှယ်ချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

တာဝန်ရှိသူများက မိုင်းတွင်း အထဲ၌ မီသိန်းဓါတ်ငွေ့များ တဖြည်းဖြည်း ပြည့်လာရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.