Africa & Middle East
မဒါဂတ်စကာနိုင်ငံတွင် သမ္မတရွေးကောက်ပွဲကို နိုဝင်ဘာလ ၇ ရက်တွင် ပြုလုပ်မည်

အန်တာနာနာရီဗို၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
မဒါဂတ်စ်ကားနိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲအား နိုဝင်ဘာလ ၇ ရက်တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးချုပ် Cristian Ntsay က ဇွန်လ ၂၉ ရက်၌ ပြောကြားလိုက်သည်။
“သမ္မတရွေးကောက်ပွဲ ပထမအကျော့ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ဒုတိယအကျော့ကို ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်မှာ ပြုလုပ်မှာဖြစ်ပါတယ်” ဟု ဇွန်လ ၂၉ ရက်တွင် ပြုလုပ်သည့် အစိုးရကောင်စီက ဆုံးဖြတ်ချက်တစ်ခု ချမှတ်ပြီးနောက် ဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)