Connect with us

Africa & Middle East

မာလီ နိုင်ငံ တွင် ပြင်သစ် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ ကို ဦးတည် သည့် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား လူအများ သေဆုံးဒဏ်ရာရရှိ

ပြင်သစ် နိုင်ငံ သမ္မတ က မာလီ နိုင်ငံရှိ ပြင်သစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် များအား သွားရောက် ကြည့်ရှုစဉ်(ဆင်ဟွာ)

နော့ချော့တ် ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

မာလီ နိုင်ငံ မြောက်ပိုင်း Gao ဒေသ တွင် ဇူလိုင်လ ၁ ရက်နေ့ ၌ ပြင်သစ် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ ကို ဦးတည် သည့် အကြမ်းဖက် တိုက်ခိုက်မှု တစ်ရပ် ဖြစ်ပွား ခဲ့ပြီး လူအများ သေဆုံးဒဏ်ရာရရှိမှု ဖြစ်ပွား ခဲ့ကြောင်း မာလီ နိုင်ငံ အစိုးရ က ထုတ်ပြန်ကြေညာ ခဲ့သည်။

ကုလသမဂ္ဂ မာလီ နိုင်ငံ ဆိုင်ရာ ဘက်စုံတည်ငြိမ်ရေး အဖွဲ့ က ဇူလိုင်လ ၂ ရက်နေ့ ၌ ယင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ကြောင်း အတည်ပြု ခဲ့ပြီး ပြင်သစ် နိုင်ငံ တပ်ဖွဲ့ဝင် များ ကို ဦးတည်၍ တိုက်ခိုက်ခဲ့သော အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံး ခဲ့ပြီး ပြင်သစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ဝင် နှင့် အရပ်သား စုစုပေါင်း ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန် ခဲ့သည်။

အခင်းဖြစ်စဉ်ကို ကြုံတွေ့ ခဲ့ရသူ တစ်ဦး၏ ပြောကြားချက်အရ ပြင်သစ် စစ်ဘက်ဆိုင်ရာ တပ်ဖွဲ့ တို့၏ ယာဉ်တန်း ကို ကားဗုံးဖြင့် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး ပြင်သစ် စစ်ဘက်ဆိုင်ရာ သံချပ်ကာ ကား ၃ စင်းမှာ ဒုံးကျည်ဖြင့် တိုက်ခိုက်မှု ကို ခံခဲ့ရကြောင်း သိရှိရသည်။

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ လတွင် မာလီ ၊ နိုင်ဂျာ နှင့် ချဒ့် စသည့် နိုင်ငံ ၅ နိုင်ငံ တို့မှ တပ်ဖွဲ့ဝင် အင်အား ၅၀၀၀ ဖြင့် အကြမ်းဖက် နှိမ်နင်းရေး တပ်ဖွဲ့ ဖွဲ့စည်း ခဲ့ပြီးနောက် ပြင်သစ် နိုင်ငံ စစ်ဘက်ဆိုင်ရာ ၏ ထောက်ခံအားပေးမှုအောက် တွင် Sahel ဒေသ ၌ အကြမ်းဖက် နှိမ်နင်းရေး ဆောင်ရွက်မှုများကို အတူတကွ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.