Connect with us

Africa & Middle East

ယီမင် နိုင်ငံ ၌ မင်္ဂလာပွဲ ကျင်းပနေစဉ် လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ခံရသဖြင့် အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံး

ယီမင် နိုင်ငံ မြို့တော် အား ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ ဗုံးကြဲ တိုက်ခိုက်မှု ဆောင်ရွက်ပြီးနောက် မြင်ကွင်း(ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဇူလိုင်လ ၃ ရက် ၌ နိုင်ငံ အနောက်မြောက်ပိုင်း Saada ပြည်နယ် တွင် မင်္ဂလာ ပွဲ တစ်ခုကျင်းပ နေစဉ် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ ၏ လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှု ခံရသဖြင့် အနည်းဆုံး လူပေါင်း ၁၁ ဦး သေဆုံး ခဲ့ကြောင်း ယီမင် နိုင်ငံ လုံခြုံရေး ဌာန အရာရှိ တစ်ဦး က ပြောကြား ခဲ့သည်။

အမည်မဖော်လိုသည့် ယီမင် နိုင်ငံ လုံခြုံရေး ဌာန အရာရှိ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ ညွှန့်ပေါင်းတပ်ဖွဲ့ သည် ဇူလိုင်လ ၃ ရက် ညနေပိုင်း အချိန်တွင် Saada ပြည်နယ် အတွင်းရှိ ကျေးရွာ တစ်ရွာ တွင် ကျင်းပပြုလုပ်နေသည့် မင်္ဂလာပွဲ ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း ၊ တိုက်ခိုက်မှုကြောင့် လူ ၁၁ ဦး သေဆုံး ခဲ့ပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကာ အများစု မှာ အမျိုးသမီး နှင့် ကလေးငယ် များဖြစ်ကြကြောင်း သိရှိရသည်။

ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွှန့်ပေါင်း တပ်ဖွဲ့ က လတ်တလော ရက်ပိုင်း တွင် ယီမင် နိုင်ငံ အတွင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ဆောင်ရွက်ခဲ့ပြီး ဇွန်လ ၂၅ ရက်နေ့ တွင် ဆောင်ရွက်ခဲ့သည့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အမျိုးသမီး နှင့် ကလေးငယ် အနည်းဆုံး ၉ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာ လပိုင်း တွင် ယီမင် Houthis လက်နက်ကိုင် တပ်ဖွဲ့ မှ ယီမင် နိုင်ငံ မြို့တော် ကို သိမ်းပိုက် ခဲ့ပြီး နောက် ယီမင် နိုင်ငံ တောင်ပိုင်း ဒေသ ကို သိမ်းပိုက် ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျ နိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။ ၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျ နိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် Houthis လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.