Connect with us

Africa & Middle East

နိုင်ဂျာ နိုင်ငံ အရှေ့တောင်ပိုင်း ဒေသ တွင် အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွား ခဲ့ရာ သေဆုံးသူပေါင်း ၁၀ ဦး အထိ ရောက်ရှိလာ

Boko Haram အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း က ဧပြီလ ပိုင်း တွင် နိုင်ဂျီးရီးယား နိုင်ငံ ၌ အကြမ်းဖက် တိုက်ခိုက်မှု ဆောင်ရွက်ခဲ့စဉ်(ဆင်ဟွာ)

အာပစ်ဂျန်(Abidjan) ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

နိုင်ဂျာ နိုင်ငံ အရှေ့တောင်ပိုင်း Diffa ပြည်နယ် ရှိ စစ်ဘက်ဆိုင်ရာ တပ်စခန်း နှစ်ခု ကို ဇွန်လ ၃၀ ရက် ညပိုင်း အချိန်တွင် Boko Haram အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း က တိုက်ခိုက်မှု ပြုခဲ့ကြရာ ခံခဲ့ရပြီး အစိုးရ တပ်ဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိကာ ၄ ဦး ပျောက်ဆုံးနေကြောင်း ဇူလိုင်လ ၂ ရက် ၌ နိုင်ဂျာ နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန က ထုတ်ပြန် ကြေညာ ခဲ့သည်။

နိုင်ဂျာ နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က သတင်းစာ ရှင်းလင်းပွဲ တွင် Boko Haram အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း အဖွဲ့ဝင် များက ဇွန်လ ၃၀ ရက် ညပိုင်း အချိန်တွင် မြင်းများ စီးနင်း ၍ အစိုးရ တပ်စခန်း ၂ ခု ကို တိုက်ခိုက်မှု ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှု မှာ ဇူလိုင်လ ၁ ရက် နံနက်ပိုင်း အချိန်ထိ ဖြစ်ပွား ခဲ့ကြောင်း ပြောကြား ခဲ့သည်။

Diffa ပြည်နယ် လုံခြုံရေး ဌာန ၏ ထုတ်ပြန် ခဲ့သည့် ကြေညာချက် တွင် လုံခြုံရေး တပ်ဖွဲ့ အနေဖြင့် ၎င်း တိုက်ခိုက်မှု ဆောင်ရွက်ခဲ့သည့် လက်နက်ကိုင် အဖွဲ့ဝင် များကို တိုက်ခိုက် ချေမှုန်း နိုင်ခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

Boko Haram အစွန်းရောက် လက်နက်ကိုင် အဖွဲ့အစည်း က ၂၀၀၄ ခုနှစ် တွင် စတင် တည်ထောင် ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်ပြီး နိုင်ဂျာ နိုင်ငံ အရှေ့မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသ နှင့် ထိစပ် နေသည့် ဒေသ များ တွင် လှုပ်ရှားမှုများ ဆောင်ရွက် ခဲ့သည့် အဖွဲ့အစည်း တစ်ခု ဖြစ်သည်။ ၂၀၁၆ ခုနှစ် ဇူလိုင်လ မှ စတင်၍ နိုင်ဂျီးရီးယား ၊ ကင်မရွန်း ၊ နိုင်ဂျာ နှင့် ချဒ် စသည့် နိုင်ငံ တို့မှ ညွှန့်ပေါင်း တပ်ဖွဲ့ ဖွဲ့စည်းကာ Boko Haram အဖွဲ့အစည်း အား ပူးပေါင်း တိုက်ခိုက်မှု ဆောင်ရွက် ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.