Connect with us

Africa & Middle East

ယီမင်ရှိ ဆေးရုံများအား ဆော်ဒီ ဦးဆောင်သည့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပြီးနောက် နယ်စည်းမခြား ဆရာဝန်များအဖွဲ့က ၎င်းတို့၏ ဝန်ထမ်းများအား ပြန်လည် ခေါ်ယူ

ယီမင်ရှိ ဆေးရုံ တစ်ခုအား လေကြောင်း တိုက်ခိုက်ခံရပြီးနောက် MSF ဝန်ထမ်းများက သန့်ရှင်းရေး လုပ်ဆောင်နေကြစဉ် (ဓာတ်ပုံ- အင်တာနက်)

ဆန်နား၊ သြဂုတ် ၁၉ ရက် (ဆင်ဟွာ)

ယီမင်နိုင်ငံ မြောက်ပိုင်းတွင် ဆော်ဒီ ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် နယ်စည်း မခြား ဆရာဝန်များအဖွဲ့ (MSF) က ယီမင် မြောက်ပိုင်း ဆေးရုံ ခြောက်ခုရှိ ၎င်းတို့၏ ဝန်ထမ်းများအား ပြန်လည် ခေါ်ယူခဲ့ကြောင်း အဆိုပါ အဖွဲ့က သြဂုတ်လ ၁၈ ရက်၌ ပြောကြားခဲ့သည်။

ယီမင်နိုင်ငံ မြောက်ပိုင်းရှိ Saada ပြည်နယ်နှင့် Hajjah ပြည်နယ်များရှိ ဆေးရုံ ခြောက်ခုမှ သားဖွားမီးယပ် အထူးကု ဆရာဝန်များ၊ ကလေး အထူးကု ဆရာဝန်များ၊ ခွဲစိတ် ဆရာဝန်များနှင့် အရေးပေါ် အထူးကု ဆရာဝန်များအား ပြန်လည် ခေါ်ယူမည် ဖြစ်ကြောင်းအဆိုပါ နိုင်ငံတကာ ကျန်းမာရေး ကူညီထောက်ပံ့မှု အဖွဲ့အစည်းက ၎င်း၏ တွစ်တာ အကောင့်မှတဆင့် ပြောကြားထားသည်။
လေကြောင်း တိုက်ခိုက်မှုသည် မှားယွင်းမှု တစ်ခုသာ ဖြစ်သည်ဟု ဆော်ဒီဦးဆောင်သည့် မဟာမိတ်အဖွဲ့၏ ထုတ် ပြန်ချက်အား ကျေနပ် အားရမှု မရှိကြောင်း သြဂုတ်လ ၁၅ ရက် ဖြစ်ပွားခဲ့သည့် Hajjah ပြည်နယ်ရှိ Abs ဆေးရုံ လေကြောင်း တိုက်ခိုက်ခံရခြင်းအား ရည်ညွှန်းလျက် MSF က ပြောကြားထားပြီး ထို တိုက်ခိုက်မှုတွင် MSF ဝန်ထမ်း တစ်ဦး အပါအဝင် အနည်းဆုံး လူနာ ၂၀ ခန့် သေဆုံးခဲ့ကြောင်း၊ ဆေးရုံ ခြောက်ခုသည်လည်း လူနာများနှင့် ၎င်းတို့၏ ဝန်ထမ်းများအတွက် ဘေးကင်းလုံခြုံမှု မရှိကြောင်း သိရသည်။
MSF အနေဖြင့် ယီမင် ပဋိပက္ခတွင် ပါဝင်နေသည့် အဖွဲ့အစည်းများအား ဆေးရုံများ ပါဝင်သည့် တည်နေရာ GPS အား စနစ်ကျနစွာ ပေးအပ်ထားခဲ့သော်လည်း လေကြောင်း ဗုံးကျဲမှုများ ခံနေရသည်ဟု ဆိုသည်။
ဆော်ဒီ ဦးဆောင်သည့် မဟာမိတ်အဖွဲ့သည် ၂၀၁၅ ခုနှစ် မတ်လကစပြီး ယီမင် ပဋိပက္ခ၌ ကြားဝင် ပါဝင်လာခဲ့ ကာ လေကြောင်းနှင့် မြေပြင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ ယင်း တိုက်ခိုက်မှုများကြောင့် လူပေါင်း ၆၄၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများ ဖြစ်သည်။ သြဂုတ်လ ၁၅ ရက်က တိုက်ခိုက်မှုသည် ယီမင်နိုင်ငံ မြောက်ပိုင်းရှိ MSF အဖွဲ့ ကူညီပေးနေသည့် ဆေးရုံများအား လေးကြိမ်မြောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကျော်အကြာက ကူဝိတ်တွင် ယီမင် အစိုးရနှင့် အစိုးရ ဆန့်ကျင်သည့် အဖွဲ့များ အကြား ကုလသမဂ္ဂ ကမကထပြုထားသည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပျက်ပြားသွားခဲ့ပြီးနောက် ယီမင် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြင့်တက်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.