Connect with us

Africa & Middle East

ယီမင် ဟူသီလက်နက်ကိုင်များက ပင်လယ်နီဒေသ စစ်ဆင်ရေးကို ရပ်တန့်ရန် တောင်းဆို

ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ထားသည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

ကူဝိတ်စီးတီး ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

ပင်လယ်နီဒေသ ရေပြင် စစ်ဆင်ရေးကို သတ်မှတ် အချိန်အတိုင်းအတာ တစ်ခုအတွက် ရပ်နားထားရန် ယီမင် ဟူသီလက်နက်ကိုင်များက ဇူလိုင်လ ၃၁ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ယီမင်အစိုးရတပ်၏ ပင်လယ်ပြင် စစ်ဆင်ရေးလှုပ်ရှားမှုကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ရပ်နားထားရန် တောင်းဆိုကြောင်း ၊အကယ်၍ ဆော်ဒီဦးဆောင်သည့် ညွှန်ပေါင်းတပ်ဖွဲ့က ၎င်းအဆိုပြုချက်ကိုလက်ခံကျင့်သုံးမည်ဆိုပါက အားလုံးကလည်း လိုက်နာသွားမည်ဖြစ်ကြောင်း ဟူသီလက်နက်ကိုင် ခေါင်းဆောင် တစ်ဦးဖြစ်သည့် Mohammed Ali al-Houthက ယင်းနေ့တွင် ထုတ်ပြန့်သည့် ကြေညာချက်၌ ဖော်ပြထားသည်။

စစ်ပွဲရပ်နားမည့်အချိန်ကာလကို အတိအကျ ပြောကြားခြင်း မရှိသေးသော်လည်း တစ်ဖက်က ပင်လယ်ပြင် စစ်ဆင်ရေးကို တစ်ဆင့်တိုး လုပ်ဆောင်မှုများမပြုလုပ်ပါက အဆိုပြုချက်မှာ ချက်ချင်း အသက်ဝင်မည်ဖြစ်သည်ဟု ဟူသီခေါင်းဆောင်က ဆိုပါသည်။

ယီမင် အစိုးရတပ်သည် ဆော်ဒီဦးဆောင်သော ညွှန်ပေါင်းတပ်ဖွဲ့ ၏အကူအညီဖြင့် Hodeidah ဆိပ်ကမ်းကို ပြန်လည်သိမ်းပိုက်ရန် ဇွန်လ ၁၃ ရက်မှစ၍ စစ်ဆင်ရေးများ အကြီးအကျယ် လုပ်ဆောင် ခဲ့သည်။ Hodeidah ဆိပ်ကမ်းသည် ပင်လယ်နီနှင့်ကပ်လျက်ရှိရာ ဟူသီလက်နက်ကိုင်များက ပြင်ပနှင့် ဆက်သွယ်သော အရေးပါသည့် လမ်းကြောင်းဖြစ်သလို နိုင်ငံတကာ အဖွဲ့အစည်းများက ဟူသီတို့ ထိန်းချုပ်ရာ နယ်မြေအတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်နေသည့် တစ်ခုတည်းသော လမ်းကြောင်း ဖြစ်ကြောင်း သိရသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလတွင် ယီမင် ဟူသီလက်နက်ကိုင်များက မြို့တော် ဆာနားကို သိမ်းပိုက်ခဲ့ ပြီး ယီမင်တောင်ပိုင်းဒေသကို ဆက်လက်သိမ်းပိုက်ခဲ့သဖြင့် သမ္မတ Abdrabbuh Mansur Hadi မှာ ဆော်ဒီအာရေဗျနိုင်ငံ သို့ တိမ်းရှောင် ခဲ့ရသည်။၂၀၁၅ ခုနှစ် မတ်လပိုင်း တွင် ဆော်ဒီအာရေဗျနိုင်ငံ ဦးဆောင်သည့် ညွန်ပေါင်းတပ်ဖွဲ့သည် ဟူသီ လက်နက်ကိုင် တပ်ဖွဲ့ အား တိုက်ခိုက်သည့် စစ်ဆင်ရေး ကို စတင်ခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.