Connect with us

Africa & Middle East

အာဖဂန်နစ္စတန် အရှေ့ပိုင်းတွင် အစိုးရရုံးတစ်ခု အတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ အနည်းဆုံး ၁၈ ဦး ရှိ

အာဖဂန်နစ္စတန် Jalalabad မြို့ရှိ အစိုးရရုံးတစ်ခု တိုက်ခိုက်ခံရသည်ကို တွေ့မြင်ရစဉ်(ဆင်ဟွာ)

ကဘူးလ် ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း Nangarharပြည်နယ် Jalalabad မြို့ရှိ အစိုးရရုံးတစ်ခုသည် ဇူလိုင်လ ၃၁ ရက်တွင် တိုက်ခိုက်ခံရသောကြောင့် တိုက်ခိုက်သူ ၃ ဦး အပါအဝင် အနည်းဆုံး လူ ၁၈ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း Nangarharပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူက ယင်းနေ့တွင် မီဒီယာများအား အတည်ပြုပြောကြားခဲ့သည်။

အခင်းဖြစ်ပွားသည့်နေ့ နေ့လည်ပိုင်းက Jalalabad မြို့ အမှတ်(၃)ရဲတပ်ဖွဲ့နယ်မြေရှိ ဒုက္ခသည်များ ရေးရာ စီမံခန့်ခွဲမှုဌာန အဆောက်အဦတစ်ခု တိုက်ခိုက်ခံခဲ့ရကြောင်း၊ ထို တိုက်ခိုက်မှုကို လူ ၃ ဦး က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်သူများအနက် ၁ ဦးက အဆောက်အဦပြင်ပ တွင် ဖောက်ခွဲရေးပစ္စည်း များဖြင့်တိုက်ခိုက်ခဲ့ရာ ထိုသူလည်း အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း၊ ကျန် ၂ ဦးမှာ ရုံးအတွင်းသို့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ လုံခြုံရေးဝန်ထမ်းများနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး တိုက်ခိုက်သူ ၂ ဦးအား ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် အနည်းဆုံး ရဲဝန်ထမ်း ၁ ဦး အပါအဝင်၊ ဒုက္ခသည်များရေးရာ စီမံခန့်ခွဲမှုဌာနဝန်ထမ်းများ သေဆုံးခဲ့ကြောင်း ၊ဒဏ်ရာရသူများကို နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။

ထိုတိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လက်ရှိ မည်သည့်အဖွဲ့အစည်းကမှ ကြေညာထုတ်ပြန်ထားခြင်း မရှိသေးကြောင်း သိရသည်။

Jalalabad မြို့တွင် ယခုကာလများအတွင်းဖြစ်ပွားသော တိုက်ခိုက်မှုများကြောင့် သေဆုံးဒဏ်ရာရမှု များ ဖြစ်ပွားခဲ့ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.