Connect with us

Africa & Middle East

ရှီ၏ခရီးစဉ်သည် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု နှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဝါဒ ထွန်းကားစေရန်ဖြစ်ကြောင်းတွေ့ရှိ

ဂျိုဟမ်နက်စ်ဘာဂ့်မြို့ ၌ကျင်းပသည့် BRICS ထိပ်သီးအစည်းအဝေးတက်ရောက်လာသော အဖွဲ့ ဝင်နိုင်ငံများမှ ခေါင်းဆောင်များအားတွေ့ ရစဉ်(ဆင်ဟွာ)

ပေါ့လူးဝစ် ၊ သြဂုတ် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ၎င်း၏ အရှေ့အလယ်ပိုင်း နှင့် အာဖရိက ခရီးစဉ်၏ နောက်ဆုံးခရီးတစ်ထောက် နိုင်ငံအဖြစ် မောရစ်သျှနိုင်ငံသို့ရောက်ရှိခဲ့ပြီးနောက် ဇူလိုင် ၂၈ ရက်တွင် ပြန်လည်ထွက်ခွာခဲ့သည်။

၁၁ ရက်ကြာ အလည်အပတ်ခရီးစဉ်အတွင်း ရှီကျင့်ဖိန်သည် အာရပ်စော်ဘွားများပြည်ထောင်စု(UAE) ၊ ဆီနီဂေါ ၊ ရဝမ်ဒါ ၊ တောင်အာဖရိက နှင့် မောရစ်သျှ နိုင်ငံများသို့ချစ်ကြည်ရေး ဝင်ရောက်လည်ပတ်ခဲ့သည်။၎င်းသည် ဂျိုဟမ်နက်စ်ဘာဂ့်မြို့၌ ကျင်းပသည့် ၁ဝ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်ခဲ့သည်။

ရှီ၏ခရီးစဉ်က တောင်ပိုင်း-တောင်ပိုင်း ပူးပေါင်းဆောင်ရွက်မှု ခေါ် ဖွံ့ဖြိုးဆဲနိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအတွက် အလားအလာသစ်ကို ဖွင့်လှစ်ရန် နှင့် လူသားမျိုးနွယ်အတွက် မျှဝေခံစားမှုအနာဂတ်နှင့်အတူ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်ရေး တွန်းအားပေးသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ပြောကြားခဲ့သည်။

တရုတ်-အာရပ် ဆက်ဆံရေးတိုးမြှင့်ခြင်း

ရှီ၏ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံခရီးစဉ်သည် နှစ်နိုင်ငံဆက်ဆံရေးအမြင့်ဆုံးအဆင့်တစ်ခုသို့တက်လှမ်းခြင်းဖြစ်ပြီး တရုတ် နှင့် အာရပ်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် အသွင်သရုပ်ဖော်မှုတစ်ခုပေးအပ်ခြင်းပင်ဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

၎င်းသည်ရှီ၏ ပထမဆုံး UAE နိုင်ငံအလည်အပတ်ခရီးစဉ်ဖြစ်ပြီး ၂၉ နှစ်တာကာလအတွင်း တရုတ်နိုင်ငံခေါင်းဆောင်တစ်ဦး၏ ပထမဆုံး သွားရောက်လည်ပတ်သော ခရီးစဉ်ဖြစ်သည်။

ခရီးစဉ်အတွင်း လာမည့် အဆင့်များတွင် နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် အစီအစဉ်အားလုံး နှင့် နိုင်ငံရေး လမ်းညွှန်မှုကို စီမံဆောင်ရွက်ခြင်း ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး တည်ဆောက်ရန် နှစ်နိုင်ငံပူးတွဲကြေညာချက်တစ်စောင်ကို ထုတ်ပြန်ခဲ့သည်။

၎င်းတို့သည် ခေတ်သစ်ပိုးလမ်းမဖော်ဆောင်မှုကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်း နားလည်မှုစာချွန်လွှာတစ်ခု ကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီး နိုင်ငံရေးရေးရာများတွင် ချိတ်ဆက်ဆောင်ရွက်မှုတိုးမြှင့်ရေး နှင့် ၎င်းတို့၏ ဖွံ့ဖြိုးရေးမဟာဗျူဟာများကိုလည်း ဆောင်ရွက်သွားကြရန် ဆုံးဖြတ်ခဲ့ကြသည်။

တရုတ် နှင့် UAE နိုင်ငံတို့သည် အဘူဒါဘီမြို့၌ ပထမဆုံးသော ခေတ်သစ်ပိုးလမ်းမကြီး ဖော်ဆောင်မှု နိုင်ငံတကာအပြန်အလှန်ဖလှယ်ရေးဌာနကို တည်ထောင်သွားရန် စီစဉ်ထားပြီး ယင်းမှာ အရှေ့အလယ်ပိုင်း နှင့် ပင်လယ်ကွေ့ဒေသတွင် ပိုးလမ်းမကြီးတည်ဆောက်ရန် ဘဏ္ဍာရေးအစီအစဉ်များ ပံပိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ အစောပိုင်းက ပေကျင်းမြို့၌ တရုတ်-အာရပ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ် ၈ နိုင်ငံ ဝန်ကြီးအဆင့် ညီလာခံတစ်ခုကို လက်ခံကျင်းပခဲ့ပြီး တရုတ် နှင့် အာရပ်နိုင်ငံများအကြား “ အနာဂတ်ရှေ့ဆောင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေး” တစ်ခု တည်ဆောင်ရန် သဘောတူညီခဲ့သည်။

အဆိုပါ ညီလာခံ၌ ရှီက မိန့်ခွန်းပြောကြားခဲ့ရာတွင်လည်း တရုတ်နိုင်ငံအနေဖြင့် တရုတ်-အာရပ်နိုင်ငံများအတွက် မျှဝေအနာဂတ်တစ်ခုနှင့်အတူ လူမှုအသိုက်အဝန်းတစ်ခုကို တည်ဆောက်သွားရန် နှင့် ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောက်သွားရန် ဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

ထို့ကြောင့်လည်း ရှီ၏ UAE နိုင်ငံ သို့ယခု အလည်အပတ်ခရီးစဉ်သည် အာရပ်နိုင်ငံများရှေ့ရှုမှု တရုတ်နိုင်ငံမူဝါဒ၏ အောင်မြင်မှုပုံရိပ်တစ်ခုဖြစ်ကြောင်း နှင့် အဓိပ္ပါယ်ဖော်ဆိုချက်တစ်ခုဖြစ်ကြောင်း ဝမ်ရိက ဆိုသည်။

နက်ရှိုင်းသော တရုတ်-အာဖရိက ချစ်ကြည်ရေး

တရုတ်-အာဖရိကဆက်ဆံရေးများသည် အလွန်အရေးကြီးကြောင်း ရှီက ဆိုခဲ့သည်။ ၂ဝ၁၃ ခုနှစ်က တရုတ်နိုင်ငံသမ္မတအဖြစ် ပထမဆုံးအကြိမ်ရွေးကောက်ခံရပြီးချိန် နှင့် ယခုနှစ် သမ္မတရွေးကောက်ပွဲအတွင်း ပြန်လည်အရွေးခံရပြီးချိန် နှစ်ကြိမ်စလုံးတွင် ရှီသည် ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်အဖြစ် အာဖရိကသို့သွားရောက်ရန် ရွေးချယ်ခဲ့သည်။

တရုတ် နှင့် အာဖရိက တို့သည် ဖွံ့ဖြိုးမှု မိတ်ဖက်ကောင်းများ နှင့် နိုင်ငံတကာရေးရာတွင် အစဉ်အလာမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း ဝမ်က ဆိုသည်။

၎င်း၏ အာဖရိကခရီးစဉ်များအတွင်း သမ္မတရှီက တရုတ်နိုင်ငံသည် အာဖရိကနိုင်ငံများနှင့်အတူ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာမြောက် ရွေးချယ်ရန် နှင့် တရုတ်နိုင်ငံ၏ ကာလရှည် မိတ်ဖက်များအဖြစ် အတည်ပြုကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာရေးရာများ မည်သို့ပင်ပြောင်းလဲနေစေကာမူ တရုတ်နိုင်ငံသည် အာဖရိကမူဝါဒ နှင့် အမြင်ကို ဆက်လက်ဆုပ်ကိုင်ထားမည်ဖြစ်ကြောင်း ၊ မျှဝေအနာဂတ်တစ်ခုနှင့်အတူ တရုတ်-အာဖရိကအသိုက်အဝန်းကို အနီးကပ်တည်ဆောက်သွားရန် တွန်းအားပေးသွားမည်ဖြစ်ကြောင်း ၊ နှစ်ဖက်အကျိုးရှိမည့် win-win ပူးပေါင်းဆောင်ရွက်မှု နှင့် ဘုံဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ရှီက ဆိုသည်။

ခရီးစဉ်အတွင်း တရုတ် နှင့် အာဖရိက လေးနိုင်ငံအကြား ဖွံ့ဖြိုးရေးမဟာဗျူဟာ ၊ စီးပွားရေးအကောင်အထည်ဖော်ဆောင်ရွက်ခြင်း နှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးချဲ့ခြင်းကို တိုးမြှင့်လုပ်ဆောင်သွားရန် သဘောတူညီခဲ့ကြသည်။

ရှီ၏ အာဖရိကခရီးစဉ် အခြားအဓိက အောင်မြင်မှုတစ်ခုမှာ ခေတ်သစ်ပိုးလမ်းမဖော်ဆောင်ခြင်း ပူးပေါင်းဆောင်ရွက်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။ ဆီနီဂေါ နှင့် ရဝမ်ဒါ နိုင်ငံများသည် တရုတ်နိုင်ငံ နှင့် ကနဦး နားလည်မှုစာချွန်လွာကို လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသည် မောရစ်သျှနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။

ဆီနီဂေါနိုင်ငံသည် တရုတ်နိုင်ငံနှင့် ခေတ်သစ်ပိုးလမ်းမကြီးဖော်ဆောင်မှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုကို ပထမဆုံး လက်မှတ်ရေးထိုးသည့် နိုင်ငံဖြစ်ပြီး ၎င်းက ဒေသတွင်း မောင်းနှင်အားတစ်ခုဖြစ်လာစေရန် မျှော်လင့်ထားကြောင်း ဝမ် ကဆိုသည်။

ခရီးစဉ်အတွင်း ရှီ နှင့် အာဖရိက အိမ်ရှင်နိုင်ငံများသည် ပူးပေါင်းဆောင်ရွက်မှု စာချုပ်ပေါင်း ၄ဝ ကို လက်မှတ်ရေးထိုးခဲ့ကြောင်း ၎င်းက ဆိုသည်။

အာဖရိကခရီးစဉ်အတွင်း ရှီသည် ၎င်းရောက်ရှိသော နိုင်ငံများမှ သက်ဆိုင်ရာ အစိုးရ၏ ကြိုဆိုဂုဏ်ပြုခြင်းခံရပြီး ပြည်သူများ၏ အနှိုင်းမဲ့ ဧည့်ဝတ်ပြုငှာမှုကို လက်ခံရရှိခဲ့သည်။ ယင်းမှာ အာဖရိကတွင် ခေတ်သစ်ကိုလိုနီနယ်ချဲ့မှု မဟုတ်သည့် အဓိပ္ပါယ်ကို ဆောင်သော တရုတ်နိုင်ငံ၏ အခန်းကဏ္ဍကို သက်သေပြနေခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

BRICS ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ခြင်း

တောင်အာဖရိကနိုင်ငံခရီးစဉ်အတွင်း ရှီသည် ဂျိုဟမ်နက်စ်ဘာဂ့်မြို့၌ ကျင်းပသည့် ၁ဝ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခဲ့ပြီး BRICS ပူးပေါင်းဆောင်ရွက်မှု ဒုတိယ ရွှေရောင်ဆယ်စုနှစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့သည်။

ဘရာဇီး ၊ ရုရှား ၊ အိန္ဒိယ ၊ တရုတ် နှင့် တောင်အာဖရိက နိုင်ငံများမှ ခေါင်းဆောင်များသည် ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများအလယ် ဘုံဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးအမြတ်များ ဖော်ဆောင်ရေး နည်းလမ်းများကို ဆွေးနွေးရန် ဇူလိုင် ၂၅ ရက်က ကျင်းပခဲ့သည့် ဈေးကွက်သစ်ဖော်ဆောင်ရေး ထိပ်သီးအစည်းအဝေး အခမ်းအနားသို့တက်ရောက်ခဲ့ကြသည်။

BRICS စီးပွားဖိုရမ်၌ မိန့်ခွန်းပြောကြားစဉ် ရှီက လာမည့် ဆယ်စုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မောင်းနှင်အားအသစ်က မောင်းနှင်အားအဟောင်းအစား နေရာယူလိမ့်မည်ဖြစ်ကြောင်း နှင့် နိုင်ငံတကာအခင်းအကျင်းနှင့် နိုင်ငံတကာချိန်ညှိအားသည် လျင်လျင်မြန်မြန်ပြောင်းလဲသွားနေမည်ဖြစ်ကြောင်း နှင့် ကမ္ဘာလုံးဆိုင်ရာအုပ်ချုပ်ရေးစနစ် ပြန်လည်ပုံဖော်ရန် မြင်တွေ့ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီက တံခါးဖွင့်စီးပွားတည်ဆောက်ရန် ၊ ကိုယ်ကျိုးစီးပွားရေးကာကွယ်ရေးဝါဒ နှင့် တစ်ဦးတည်းပိုင်ဝါဒကို ဖယ်ရှားပစ်ရန် ပြောကြားခဲ့ပြီး နိုင်ငံတကာအပြန်အလှန်ဖလှယ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။

၎င်းက ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ဆုပ်ကိုင်ထားရန် ၊ ကဏ္ဍစုံကုန်သွယ်ရေးဝါဒကို အားပေးရန် နှင့် နိုင်ငံတကာစည်းမျဉ်းစည်းကမ်းများကို လက်ကိုင်ထားပြီး အပြည့်အဝကျင့်သုံးသွားရန်လည်း တိုက်တွန်းပြောကြားခဲ့သည်။

“ ကုန်သွယ်ရေးစစ်ပွဲကို ဖယ်ရှားသင့်တယ်။ ဘာကြောင့်လဲဆိုတော့ ဘယ်သူမှ မနိုင်လို့ဘဲ။ စီးပွားရေးဗိုလ်ကျစိုးမိုးမှုဟာ ဆန့်ကျင်မှုတွေနဲ့ပဲ ပိုလို့တောင်ကြုံတွေ့ရမှာဖြစ်ပြီး အဲဒါက နိုင်ငံတကာအသိုက်အဝန်းရဲ့ စုပေါင်းအကျိုးအမြတ်တွေကို ထိခိုက်ပျက်ပြားစေပါတယ်။ အဲဒီလို လုပ်နေတဲ့လူတွေဟာ သူတို့ကိုယ်ကိုပြန်ပြီး ထိခိုက်နစ်နာမယ့် လမ်းကြောင်းတစ်ခုနဲ့ပဲ အဆုံးသတ်သွားမှာပါ” ဟု တစ်ဦးတည်းပိုင်ဝါဒ နှင့် ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒအပေါ် ရှီက တုံ့ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။

ဂျိုဟမ်နက်စ်ဘာဂ့်ထိပ်သီးအစည်းအဝေးသည် ရလဒ်ဝေဝေဆာဆာထွက်ပေါ်ခဲ့ပြီး BRICS အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စက်မှုတော်လှန်ရေးအသစ်အပေါ် မိတ်ဖက်တစ်ခုအဖြစ် လက်တွဲသွားကြရန် အတည်ပြုခဲ့ကြသည်။

ထိုကဲ့သို့မိတ်ဖက်တစ်ခုတည်ဆောက်ခြင်းသည် BRICS အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု ရှေ့ရှုရန် တွန်းအားပေးသည့် စံပြစီမံကိန်းတစ်ခုဖြစ်လိမ့်မည်ဟု ဝမ် က ဆိုသည်။

တစ်ချိန်တည်းတွင် ဘုံဖွံ့ဖြိုးရေးကို ဆက်လက်ဆောင်ရွက်ရန် ၊ တန်းတူညီမျှမှု နှင့် တရားမျှတမှုကို ထိန်းသိမ်းရန် ၊ တစ်ဦးတည်းပိုင်ဝါဒကို ဖယ်ရှားရန် နှင့် ကမ္ဘာလွှမ်းခြုံအစိုးရစနစ်ကို အားပေးရန် ၊ မသေချာမရေရာမှုများအလည်တွင် ကမ္ဘာကြီးအား အပေါင်းလက္ခဏာဆောင်သည့် ခွန်အားပေးသွားရန် ခိုင်မာသောဆုံးဖြတ်ချက်ကို ချမှတ်သည့် ဂျိုဟမ်နက်စ်ဘာဂ့်ကြေညာချက် ကို ထုတ်ပြန်ခဲ့သည်ဟု ၎င်းက ဆိုသည်။

BRICS ထိပ်သီးအစည်းအဝေးက အခြားစီးပွားရေးဈေးကွက်သစ်များ အပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများပါဝင်လာရန် ဖိတ်ခေါ်ခဲ့သလို အာဖရိကနိုင်ငံများအား BRICS Plus ဆွေးနွေးဘက်နိုင်ငံများအဖြစ် ပါဝင်ကြရန်လည်း ဖိတ်ခေါ်ခဲ့သည်။ အနာဂတ်တွင် BRICS နှင့် အာဖရိကနိုင်ငံများအကြား BRICS အဝန်းအဝိုင်းများ နှင့် မိတ်ဖက်များ ဆက်ဆံရေး တိုးမြှင့်သွားရန် ဝမ် က ဆက်လက်ပြောကြားခဲ့သည်။

သမိုင်းဝင်အလည်အပတ်ခရီးစဉ်တစ်ခုအတွင်း တရုတ်နိုင်ငံသည် စီးပွားရေးဈေးကွက်သစ်များ နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့်အတူ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတိုးမြှင့်ခဲ့ပြီဖြစ်ကြောင်း နှင့် ၎င်းမှာ လူသားမျိုးနွယ်ဖြစ်ပေါ်တိုးတက်ခြင်း နှင့် နိုင်ငံတကာအခင်းအကျင်း ပြောင်းလဲလာခြင်းအပေါ် အရေးကြီးပြီး အပေါင်းလက္ခဏာဆောင်သည့် သက်ရောက်မှုများ ရှိလိမ့်မည်ဖြစ်ကြောင်း ဝမ်က ဆိုပေသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.