Connect with us

Africa & Middle East

အစ္စရေးဝန်ကြီးချုပ်က အီရန်တပ်ဖွဲ့များ ဆီးရီးယားနယ်နိမိတ်အတွင်းမှ ထွက်ခွာသွားရန် တောင်းဆို

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu အား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ဂျေရုဆလင် ၊ ဇွန် ၅ ရက်(ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuက အီရန်တပ်ဖွဲ့များ ဆီးရီးယားနယ်နိမိတ်အတွင်းမှ ထွက်ခွာသွားရန် တောင်းဆိုကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးမှ ဇွန် ၅ ရက်တွင် ထုတ်ပြန်ကြေညာ ခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် အဆိုပါသဘောထားကြေညာချက်မှာ ဇွန်လ ၄ ရက်နေ့က ဂျာမနီနိုင်ငံ ဘာလင်မြို့တွင် ဂျာမနီဝန်ကြီးချုပ် Angela Merkelနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခုလက်ရှိ ဆီရီးယားနယ်နိမိတ်အတွင် အီရန်စစ်တပ်က ညွှန်ကြားထိန်းချုပ်နေသည့် စစ်သွေးကြွတပ်ဖွဲ့အင်အား ၁၈,၀၀၀ ရှိပြီဖြစ်ကြောင်း၊ ထိုစစ်သွေးကြွများမှာ အာဖဂန်နစ္စတန်၊ ပါကစ္စတန် နိုင်ငံနှင့်အခြားနိုင်ငံများများမှ ဖြစ်ကြောင်း၊ အီရန်အနေဖြင့် ၎င်းတပ်ဖွဲ့ကို အင်အား ၈ သောင်းအထိ တိုးချဲ့သွားရန်စီစဉ်လျက်ရှိကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahuက ဆိုသည်။

အဆိုပါ ကြေညာချက်တွင် Benjamin Netanyahuသည် ဇွန် ၄ ရက်နေ့စ၍ ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်နိုင်ငံများ၏ လေ့လာရေးခရီးစဉ်စတင်ခဲ့ကြောင်း၊ ခရီးစဉ်၏အဓိက ရည်ရွယ်ချက်မှာ အီရန်အား ဖိအားပေးမှုများတိုးမြှင့်ကာ အီရန်၏နျူကလီးယားအစီအစဉ်ကို တားဆီးရန်ဖြစ်သလို ဆီးရီးယားရှိ အီရန်ထိန်းချုပ်ထားသော စစ်သွေးကြွတပ်ဖွဲ့ကြောင့် အစ္စရေး၏လုံခြုံရေးအန္တရာယ်ဖြစ်ပေါ်မှုကို ရှင်းလင်းရန် ဖြစ်ကြောင်း ဖော်ပြထားသည်။

အီရန် စစ်ဘက် ဆိုင်ရာ က ဆီးရီးယား နိုင်ငံ တွင် တည်ရှိနေခြင်းသည် ဆီးရီးယားအစိုးရ ၏ တောင်းဆိုချက်အရသာဖြစ်ပြီး ဆီးရီးယားစစ်တပ်အား အကူအညီပေးနေသည့် စစ်ဘက် ဆိုင်ရာ အကြံပေး ပုဂ္ဂိုလ် သာ တည်ရှိကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးက ဇွန်လ ၂ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့ပါသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.