Connect with us

Africa & Middle East

အစ္စရေး တိုက်လေယာဉ် ၏ ပစ်ခတ်မှုကြောင့် ပါလက်စတိုင်း လူငယ် ၃ ဦး သေဆုံး

ဂါဇာ ဒေသ တွင် ပါလက်စတိုင်း လူမျိုးများ နှင့် အစ္စရေး တပ်ဖွဲ့ အကြား တိုက်ခိုက်မှုများ ဖြစ်ပွား စဉ်(ဆင်ဟွာ)

ရာမာလာ ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

ပါလက်စတိုင်း လခြမ်းနီ အဖွဲ့ ၏ ထုတ်ပြန်ကြေညာချက် အရ ပါလက်စတိုင်း လူငယ် ၃ ဦး မှာ အောက်တိုဘာ ၂၈ ရက် တွင် ဂါဇာ ဒေသ တောင်ပိုင်း အစ္စရေး နိုင်ငံ နှင့် ထိစပ် နေသည့် ဒေသ တွင် အစ္စရေး နိုင်ငံ တိုက်လေယာဉ် ၏ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

ထုတ်ပြန်ကြေညာချက် တွင် ပါလက်စတိုင်း ဆေးဘက်ဆိုင်ရာ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့ အနေဖြင့် အချင်း ဖြစ်ပွား ခဲ့သည့် ဒေသ တွင် ပါလက်စတိုင်း လူငယ် ၃ ဦး ၏ ရုပ်အလောင်း ကို တွေ့ရှိခဲ့ပြီး လူငယ် များမှာ အသက် ၁၂ နှစ် မှ ၁၄ နှစ် အတွင်း ဖြစ်ကြကြောင်း ဖေါ်ပြထားသည်။

အချင်းဖြစ်စဉ် အား ကြုံတွေ့ခဲ့သူ တစ်ဦး က ဆင်ဟွာ သတင်းဌာန သို့ ပြောကြားချက်အရ လူငယ် ၃ ဦး သည် နယ်စပ် ခြံစည်းရိုး အား ကျော်ဖြတ်ရန် ကြိုးစားနေစဉ် အစ္စရေး နိုင်ငံ တိုက်လေယာဉ် ၏ တိုက်ခိုက်မှု ကို ခံခဲ့ရကြောင်း ၊ အချင်းဖြစ်ပွား ပြီးနောက် လူငယ်များအား ကယ်ဆယ်ရန် ချဉ်းကပ်လာသည့် အရေးပေါ် ကယ်ဆယ်ရေးကား များကိုလည်း အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က ပစ်ခတ်မှုများဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

အစ္စရေး နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ကြေညာချက်အရ ပါလက်စတိုင်း လူမျိုး ၃ ဦး က ဂါဇာဒေသ တောင်ပိုင်း ရှိ ခြံစည်းရိုး ကို ဖျက်ဆီးရန် ချဉ်းကပ်လာပြီး အနီးပတ်ဝန်းကျင်တွင် ဗုံးဖောက်ခွဲရန် ဆောင်ရွက်နေကြောင်း ၊ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ က တုံ့ပြန်မှု အနေဖြင့် ယင်းဆောင်ရွက်သူများအား တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယခုနှစ် မတ်လ ၃၀ ရက် မှ စတင်၍ ပါလက်စတိုင်း လူမျိုးများက ဂါဇာ ဒေသ တွင် အကြီးစား ဆန္ဒပြမှုများ ပြုလုပ်လာခဲ့ရာ အစ္စရေး နိုင်ငံ အစိုးရ တပ်ဖွဲ့ နှင့် ထိပ်တိုက်တွေ့မှုများ အဆက်မပြတ် ဖြစ်ပွား လာခဲ့သည်။ ပါလက်စတိုင်း ၏ စာရင်းပြုစုချက်အရ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်းလူမျိုး ၂၀၀ ကျော် သေဆုံးခဲ့ပြီး ၂၂,၀၀၀ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.