Connect with us

Africa & Middle East

အမေရိကန်နှင့်အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြီးစီး

ကာတာနိုင်ငံ ဒိုဟာမြို့တွင် ၂၀၁၉ခုနှစ် ဇူလိုင် ၇ ရက်က ကျင်းပခဲ့သည့် အာဖဂန်ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲအား တွေ့ရစဉ် (ဆင်ဟွာ)

ဒိုဟာ၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ)

အမေရိကန်နှင့် အာဖဂန် တာလီဘန်တို့၏ ၈ ကြိမ်မြောက်တွေ့ဆုံဆွေးနွေးပွဲကို ကာတာနိုင်ငံ မြို့တော် ဒိုဟာ တွင် ကျင်းပခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ကျင်းပပြီးဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် အာဖဂန်ရေးရာ ပြဿနာနောက်ဆုံးသဘောတူညီချက်မရရှိသေးသော်လည်း ဆွေးနွေးမှု ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း နှစ်ဖက်စလုံးက ထုတ်ဖော်ပြောကြားခဲ့သည်။

အမေရိကန် အစိုးရ အာဖဂန် သင့်မြတ်ရေးရာ အထူးကိုယ်စားလှယ် Zalmay Khalilzad က အမေရိကန်နှင့် တာလီဘန်တို့အကြား ၈ ကြိမ်မြောက် တွေ့ဆုံးဆွေးနွေးပွဲကို သြဂုတ် ၃ ရက်က စတင်ခဲ့ရာ သြဂုတ် ၁၂ ရက်တွင် ပြီးဆုံးခဲ့ကြောင်း ၊ ယခုဆွေးနွေးပွဲ၏နောက်ပိုင်းရက်များတွင် လုပ်ထုံးလုပ်နည်းပြဿနာကို အဓိကထားဆွေးနွေးခဲ့ကြရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း အစည်းအဝေးအပြီးတွင် လူမှုမီဒီယာမှတစ်ဆင့်ပြောကြားခဲ့သည်။

ဆွေးနွေးပွဲမှာ ခက်ခဲသော်လည်း အကျိုးရှိခဲ့ကြောင်း ၊ ရလဒ်များကို နှစ်ဖက်ကိုယ်စားလှယ်များက အထက်သို့ အသီးသီး တင်ပြသွားမည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်သွားမည်ဟု အာဖဂန် တာလီဘန် ပြောရေးဆိုခွင့်ရှိသူ Zabiullah Mujahidကလည်း သြဂုတ် ၁၂ ရက် တွင် လူမှုမီဒီယာမှတစ်ဆင့် ပြောကြားခဲ့သည်။

ထိုမတိုင်မီက အမေရိကန်နှင့်တာလီဘန်၏ ၈ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် နောက်ဆုံး သဘောတူညီချက် ရရှိနိုင်သည်ဟု မီဒီယာများက ဆိုသည်။

၂၀၀၁ ခုနှစ်တွင် အမေရိကန်သည် ၉/၁၁ အကြမ်းဖက်တိုက်ခိုက်ခံရပြီးနောက် အာဖဂန်စစ်ပွဲကို စတင်ခဲ့ရာ အယ်လ်ကိုင်းဒါ အဖွဲ့အား အကာအကွယ်ပေးသည်ဟု အမေရိကန်က ယူဆသည့် တာလီဘန်များကို တွန်းလှန်ခဲ့သည်။ စစ်ပွဲအပြီး အာဖဂန်အခြေအနေ မတည်ငြိမ်မှုများဖြစ်ပွားခဲ့ရာ ယခုနှစ်ပိုင်းများတွင် တာလီဘန်၏ အင်အားသည် အာဖဂန်တွင် တောင့်တင်းလာရာ အမေရိကန်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)