Connect with us

Africa & Middle East

အမေရိကန် မှ တိုက်ခိုက်လာပါက အစ္စရေး နှင့် အမေရိကန် ကိုပစ်မှတ်ထား တုံ့ပြန်တိုက်ခိုက်သွားမည်ဟု အီရန်ပြောကြား

အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ဖွဲ့ဝင်များအားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရန်နိုင်ငံအား ခြိမ်းခြောက်လာပါက အစ္စရေးမြို့များအား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း သြဂုတ် ၂၂ ရက်တွင်ပြောကြားခဲ့ကြောင်း ပြည်တွင်း Mizan သတင်းဌာနကပြောကြားခဲ့သည်။

တော်လှန်ရေးအစောင့်တပ်ဖွဲ့က အီရန်၏ ပဲထိန်းဒုံးကျည်စနစ်အား ဖျက်သိမ်းရန် အမေရိကန်နိုင်ငံက ဖိအားပေးမှုများရှိနေသော်လည်း အီရန်နိုင်ငံ၏ ကာကွယ်ရေးစနစ်များကို တိုးတက်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါနေ့၌ပင် အီရန်အကြီးတန်းဘာသာရေးခေါင်းဆောင် Ayatollah Ahmad Khatami က အမေရိကန်နှင့် အစ္စရေးတို့ ဘက်က တိုက်ခိုက်လာပါက အီရန်အနေဖြင့် ပြန်လည်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Khatami က အမေရိကန်နိုင်ငံသမ္မတ ဒေါ်နယ်ထရမ့် နှင့် ဆွေးနွေးပြောဆိုပွဲသည် ဖြစ်လာနိုင်စရာမရှိကြောင်း တီဟီရန်မြို့တွင် ကျင်းပသော အစ်ပွဲတော်သို့ တက်ရောက်လာသည့် ဝတ်ပြုသူများအား ပြောကြားခဲ့သည်။

၎င်းက “အမေရိကန်တွေက ဆွေးနွေးပွဲမှာ သူတို့ပြောတဲ့ အကြောင်းအရာကို လက်ခံသင့်ကြောင်း ပြောကြားလိမ့်မယ်။ ဒါဟာ ညှိနှိုင်းဆွေးနွေးမှုတစ်ခုမဟုတ်ဘဲ အာဏာရှင်ပုံစံတစ်ခုဖြစ်တယ်။ အီရန်နိုင်ငံအနေနဲ့ အာဏာရှင်ပုံစံမျိုးကို ဆန့်ကျင်တိုက်ခိုက်သွားမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

Khatami က အီရန်နှင့် ဖြစ်ပွားသော စစ်ပွဲတန်ဖိုးသည် အလွန်မြင့်မားကြောင်း၊ အမေရိကန် က အီရန်အား အနည်းငယ် ထိခိုက်လာမည်ဆိုပါက အမေရိကန် နှင့် ဒေသအတွင်းရှိ ၎င်း၏ အဓိကမဟာမိတ်အားဖြစ်သည့် အစ္စရေး ကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မေလ ၈ ရက်တွင် ထရမ့်သည် အမေရိကန်နိုင်ငံအား နျူကလီးယား သဘောတူညီချက်မှ ဆွဲထုတ်ခဲ့ပြီး အီရန်နိုင်ငံအပေါ် ပိတ်ပင်တားမြစ်မှုများ ပိုမိုပြုလုပ်သွားမည်ဖြစ်ကြောင်း ကတိပေးပြောကြားခဲ့သည်။

အမေရိကန်အစိုးရသည် သြဂုတ် ၇ ရက်တွင် အီရန်နိုင်ငံအပေါ် စွမ်းအင်ကင်းမဲ့ဧရိယာများ (non-energy areas) နှင့် ပတ်သက်၍ ပိတ်ပင်တားမြစ်မှုများ ပြန်လည်ချမှတ်ခဲ့ပြီး နိုဝင်ဘာလ ၅ ရက် တွင် စွမ်းအင်၊ သင်္ဘောသွားလာမှု နှင့် ဆိပ်ကမ်းများ ပါဝင်သော ဧရိယာများအပေါ် အဓိကထားသည့် ပိတ်ပင်တားမြစ်မှုများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.