Connect with us

Africa & Middle East

အမေရိကန် လေကြောင်း တိုက်ခိုက် ရေးကြောင့် လစ်ဗျားမှ အယ်လ်ကိုင်းဒါး ခေါင်းဆောင် တစ်ဦးသေဆုံး ကြောင်း ကြေငြာ

အမေရိကန် တိုက်ခိုက်ရေး လေယာဉ်တစ်စီး (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ)

အမေရိကန် စစ်တပ်မှ အယ်လ်ကိုင်းဒါး ခေါင်းဆောင် တစ်ဦးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ လေကြောင်း တိုက်ခိုက်မှု တစ်ခုကို လစ်ဗျားမှာ ပြုလုပ်ခဲ့ကြောင်း အမေရိကန် စစ်ရေးဌာနချုပ် ပင်တဂွန်က ဇွန်လ (၁၄) ရက်နေ့တွင် ပြောကြားခဲ့သည်။

“ဒီ စစ်ဆင်ရေးရဲ့ ရလဒ်ကို ကျွန်တော်တို့ အကဲဖြတ် နေပါတယ် ။ နောက်ထပ် အချက်အလက်တွေ ကိုလည်း သင့်တော်တဲ့ အချိန်မှာ သင့်တော်သလို ထုတ်ပြန်ပေးသွားမှာပါ” ဟု ပင်တဂွန်၏ ပြောရေးဆိုခွင့်ရှိသူ Steve Warren က ထုတ်ပြန်ချက်တွင် ပြောကြားသည်။ ထုတ်ပြန်ချက်တွင် ၎င်း စစ်ဆင်ရေး၌ မောင်းသူမဲ့ လေယာဉ် အသုံးပြု မပြုကို ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

Warren က ဇွန်လ ၁၃ ရက်နေ့က လေကြောင်း တိုက်ခိုက်ရေး အောင်မြင် ခဲ့ကြောင်း၊ အမေရိကန် စစ်တပ် အနေဖြင့် ပစ်မှတ်ကို ထိမှန်ခဲ့သည်ဟု ယုံကြည်ကြောင်း ၊ လစ်ဗျား မြေပေါ်တွင် အမေရိကန်စစ်သား မရှိ ကြောင်းလည်း ပြောကြားသည်။

အမေရိကန်မှ လေကြောင်း တိုက်ခိုက်ရေး ပြုလုပ်ခဲ့ပြီး Mokhtar Belmokhtar နှင့် အခြားလက်နက်ကိုင် များသည် လစ်ဗျား မြို့အရှေ့ပိုင်းရှိ Ajdaniya တွင် သေဆုံးခဲ့ကြောင်း လစ်ဗျား အစိုးရက အတည်ပြု ပြောကြား ခဲ့သည်။ လစ်ဗျား အစိုးရနှင့် ညှိနှိုင်း ဆွေးနွေး ပြီးမှ အမေရိကန် လေကြောင်း တိုက်ခိုက်ရေး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ပြောကြား ခဲ့သည်။

သေဆုံးခဲ့သည့် Belmokhtar သည် ၂၀၁၃ ခုနှစ် တွင် အယ်လ်ဂျီးယား ဂက်စ် စက်ရုံကို တိုက်ခိုက် မှုတွင် အမေရိကန် ၃ ဦး အပါအဝင် ဓါးစာခံ အနည်းဆုံး ၃၅ ဦးကို သတ်ဖြတ်ခဲ့ ပြီး ၎င်းကို အမေရိကန်မှ အကြမ်းဖက်ခြင်းနှင့် လူသတ်မှုတို့ ဖြင့် စွဲချက်တင် ထားသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117