Connect with us

Africa & Middle East

ဂါနာတွင် ဓာတ်ဆီဆိုင် မီးလောင် ပေါက်ကွဲ သောကြောင့် သေဆုံးသူ ၂၀၀ ကျော် ရှိလာ

ဂါနာတွင် ဓာတ်ဆီဆိုင် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မြင်တွေ့ရစဉ် (ဆင်ဟွာ)

အက်ခရာ ၊ ဇွန် ၅ ရက် (ဆင်ဟွာ)

ဂါနာ နိုင်ငံ၏ မြို့တော် အက်ခရာတွင် ဖြစ်ပွားခဲ့သည် ဓာတ်ဆီဆိုင် မီးလောင်မှုကြောင့် သေဆုံးသူ ဦးရေသည် အယောက် ၂၀၀ ကျော်ခဲ့ပြီး ဖြစ်ကြောင်း ဂါနာ နိုင်ငံ ပြည်ထဲရေး ဝန်ကြီး Mark Woyongo မှ ဇွန်လ ၄ ရက်နေ့ ကဆင်ဟွာ သတင်းဌာနကို ပြောကြားချက်အရသည်။

အက်ခရာ မြို့လယ်ရှိ ဓာတ်ဆီဆိုင် တစ်ဆိုင်သည် ဇွန်လ ၃ ရက်နေ့က ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွားပြီး မီးလောင်ခဲ့ကြောင်း၊ မီးလောင်မှု၏ အကြောင်းအရင်းကို စုံစမ်း နေဆဲ ဖြစ်ကြောင်း Mark Woyongo က ပြောကြား ခဲ့သည်။

ဂါနာ သမ္မတ John Dramani Mahama က ဇွန်လ ၄ ရက်နေ့တွင် အရေးပေါ် အစည်းအဝေး တစ်ရပ် ပြုလုပ်ခဲ့ပြီး ဇွန်လ ၈ ရက်နေ့မှ စတင်၍ ၃ ရက်ကြာ တစ်နိုင်ငံလုံး ဝမ်းနည်းခြင်း နေ့ရက် အဖြစ် သတ်မှတ် ခဲ့သည်။ ထို့ပြင် အစိုးရမှ ဒေါ်လာ ၁၅ သန်းအား သေဆုံးသူ နှင့် မိသားစုများ အတွက် ကူညီ ထောက်ပံ့ ပေးသွား မည်ဖြစ်သည်။

ဂါနာ ကျန်းမာရေး ဝန်ကြီး Alex Segbefia မှ ဇွန်လ ၄ ရက်နေ့က ပြည်သူများ အနေဖြင့် သွေးလှူခြင်းဖြင့် ဒဏ်ရာ ရရှိနေသော ပြည်သူ များကို ကယ်ဆယ် နိုင်ရန် ပြောကြား ခဲ့သည် ။ ဂါနာ ရဲဌာနမှ မီးလောင်မှုတွင် နိုင်ငံခြားသား ဒဏ်ရာရ သေဆုံးခြင်း မရှိကြောင်း ပြောကြား ခဲ့သည်။

ပြည်သူ တစ်ယောက်၏ ပြောကြား ချက်အရ ယခု မီးလောင် ပေါက်ကွဲမှုသည် ဆီယိုစိမ့် သောကြောင့် ဖြစ်ပွား ခဲ့ပြီး ဂါနာ နိုင်ငံ တွင် ဇွန်လ ၃ ရက်နေ့မှ စတင်၍ မိုးများ အဆက်မပြတ် ရွာသွန်း ခဲ့သော ကြောင့် လူများ သည် ဓာတ်ဆီဆိုင်သို့ သွားရောက် မိုးခို အနားယူ ခဲ့ကြသဖြင့် အသေအဆုံး များခဲ့ကြောင်း သိရှိရသည်။ (Xinhua)